Connect with us

China

“Civilization ယဉ်ကျေးမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု သီအိုရီ– ဖွံ့ဖြိုးတိုးတက်မှုအား ဗဟိုပြုသည့် civilization ယဉ်ကျေးမှုအမြင် ပုံစံသစ်” Think Tank အစီရင်ခံစာ ထုတ်ပြန်

ကွမ်ကျိုး၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန၏ နိုင်ငံ အဆင့်မြင့် Think Tank က “Civilization ယဉ်ကျေးမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု သီအိုရီ– ဖွံ့ဖြိုးတိုးတက်မှုအား ဗဟိုပြုသည့် civilization ယဉ်ကျေးမှုအမြင် ပုံစံသစ်” ခေါင်းစဉ်ဖြင့် Think Tank အစီရင်ခံစာကို တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အစီရင်ခံစာတွင် စကားလုံးရေ ၂၂,၀၀၀ ခန့်ပါရှိပြီး civilization ယဉ်ကျေးမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု သီအိုရီ၏ ခေတ်ကာလဆိုင်ရာ တန်ဖိုး၊ လက်တွေ့လုပ်ဆောင်မှု အခြေခံ၊ အတွင်းပိုင်းယုတ္တိဗေဒနှင့် လက်တွေ့အကျိုးသက်ရောက်မှုဉာဏ်စများကို စနစ်တကျ ရှင်းလင်းဖော်ပြထားသည်။ ၎င်းသည် ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုလမ်းညွှန်ချက်ကို စနစ်တကျ ရှင်းလင်းဖော်ပြခဲ့ခြင်းပြီး civilization ယဉ်ကျေးမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု သီအိုရီသည် ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုအတွေးအခေါ်ကို လမ်းညွှန်ချက်အဖြစ် ထားရှိပြီး လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်မှုဖြင့် civilization ယဉ်ကျေးမှု ပင်မအကြောင်းအရာကို ထိန်းသိမ်းကာကွယ်ပေးကြောင်း၊ အုပ်ချုပ်ခြင်းဖြင့် ပြည်သူအတွက် civilization ယဉ်ကျေးမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်ကို ခိုင်မြဲစေကြောင်း၊ အမျိုးစုံလင်သော အတူတကွရှင်သန်ခြင်းဖြင့် civilization ယဉ်ကျေးမှု၏ အားလုံးပါဝင်နိုင်စွမ်းကို တိုးချဲ့ပေးကြောင်း၊ အဟောင်းကို ပြုပြင်ပြောင်းလဲ၍ အသစ်ကိုတည်ဆောက်ခြင်းဖြင့် civilization ယဉ်ကျေးမှု၏ ဆန်းသစ်တီထွင်မှုစွမ်းအားကို အသက်သွင်းပေးကြောင်း ထောက်ပြခဲ့သည်။
အစီရင်ခံစာသည် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေး၏ ပင်ကိုအနှစ်သာရကို “civilizational ယဉ်ကျေးမှုရှိသော ဖွံ့ဖြိုးတိုးတက်မှု” နှင့် “ဖွံ့ဖြိုးတိုးတက်သော civilization ယဉ်ကျေးမှု” ၏ ဘက်စုံ လုပ်ငန်းစဉ်၊ အစဉ်အလာ ခေတ်မီအသွင်ပြောင်းရေး သီအိုရီ၏ တစ်ပြေးညီ ဆင့်ကဲဖြစ်စဉ် ယုတ္တိဗေဒကို ထိုးဖောက်နိုင်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုအား ဗဟိုပြုသည့် civilization ယဉ်ကျေးမှုအမြင် ပုံစံအသစ် တည်ဆောက်ဖွဲ့စည်းခြင်းကို ရှင်းလင်းဖော်ပြထားသည်။
အစီရင်ခံစာတွင် လူသားဗဟိုပြုခြင်းကို တန်ဖိုးဆိုင်ရာ ဦးတည်ရာအဖြစ်၊ မှန်ကန်မှုကို ထိန်းသိမ်း၍ ဆန်းသစ်တီထွင်ခြင်းကို သိပ္ပံနည်းကျလမ်းကြောင်းအဖြစ်၊ တံခါးဖွင့်လှစ်၍ အားလုံးပါဝင်နိုင်ခြင်းကို စွမ်းအား အရင်းအမြစ်အဖြစ် နှင့် သဟဇာတဖြစ်စွာ အတူယှဉ်တွဲရှင်သန်ခြင်းအား မှန်ကန်သောလမ်းကြောင်းအဖြစ် လူသားမျိုးနွယ် civilization ယဉ်ကျေးမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၏ ရှုထောင့် လေးခုကိုလည်း ဖော်ပြခဲ့သည်။
ယင်းမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ဆင်ဟွာသတင်းဌာန နိုင်ငံအဆင့်မြင့် Think Tank က တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် “Civilization ယဉ်ကျေးမှု ဖလှယ်ရေး သီအိုရီ- ထင်ရှားသောဝိသေသလက္ခဏာများနှင့် တန်ဖိုးဆိုင်ရာ ရပ်တည်ချက်အပေါ် အခြေခံသည့် တရုတ် civilization ယဉ်ကျေးမှု အဆိုအသစ်” အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် ယဉ်ကျေးမှုအမြင် ပုံစံအသစ်ကို ရှင်းလင်းတင်ပြသည့် နောက်တစ်ခု အရေးပါသော Think Tank အစီရင်ခံစာဖြစ်ပြီး ဤအစီရင်ခံစာနှစ်ခုမှာ “ကမ္ဘာကြီးသည် မည်သည့်အရပ်သို့ ဦးတည်သွားမည်နည်း၊ လူသားမျိုးနွယ် မည်သို့ ဆောင်ရွက်သင့်သနည်း” ဟူသည့် ကမ္ဘာ့မေးခွန်းအတွက် အကျိုးရှိသော လမ်းညွှန်မှုများကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ (Xinhua)………………………
(Chinese Version)
新华社权威快报|《文明发展论——构建以发展为核心的新型文明观》智库报告发布
9月27日,新华社国家高端智库在广州发布《文明发展论——构建以发展为核心的新型文明观》智库报告。
报告全文约2.2万字,系统阐释了文明发展论的时代价值、实践基础、内在逻辑和现实启示,指出文明发展论以习近平文化思想为指引,以独立自主守护文明主体性,以执政为民锚定文明发展根基,以多元共生拓展文明包容性,以革故鼎新激活文明创新力。
报告将中国式现代化的本质阐释为“文明发展”与“发展文明”的双重进程,突破了传统现代化理论的线性演进逻辑,建构起以发展为核心的新型文明观。
报告还提出了人类文明发展的四个维度:以人为本是价值取向,守正创新是科学路径,开放包容是动力源泉,和合共生是正确道路。
这是继2024年10月新华社国家高端智库在广州发布《文明交融论——基于突出特性与价值立场的中华文明新主张》后,又一对新型文明观进行阐释的重磅智库报告,二者将为“世界向何处去、人类怎么办”的世界之问提供有益启示。
记者:吉哲鹏、邓瑞璇 海报制作:吴彬尔 新华社国内部出品