Asia
ထိုင်းအစိုးရအသစ်က တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း စိန်ခေါ်မှုကြီး ၄ ရပ်ကို အလေးထားကိုင်တွယ်ဖြေရှင်းသွားမည်ဟု ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ဆို

ဘန်ကောက်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
ထိုင်းအစိုးရအသစ်သည် အကန့်အသတ်ရှိသည့်အချိန်အတွင်း စီးပွားရေး၊ အမျိုးသားလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်များနှင့် လူမှုရေးကိစ္စရပ် စသည့် စိန်ခေါ်မှုကြီး ၄ ရပ်ကို အလေးထားကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်က စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ထိုင်းလွှတ်တော်သည် စက်တင်ဘာ ၂၉ ရက်တွင် အစည်းအဝေးကျင်းပ၍ အစိုးရအသစ်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ မူဝါဒများကို ကြားနာဆွေးနွေးခဲ့ကြသည်။ အနူတင် ဖတ်ကြားခဲ့သော စီမံအုပ်ချုပ်ရေးဆိုင်ရာ မူဝါဒများတွင် ယခုအကြိမ်အစိုးရသည် လက်ရှိ နိုင်ငံကြုံတွေ့နေရသည့် စိန်ခေါ်မှုအမျိုးမျိုးကို လျင်မြန်စွာ တုံ့ပြန် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ အသေးစိတ် အစီအမံများတွင် ပြည်သူများ၏ ဝင်ငွေမြှင့်တင်ခြင်း၊ လူနေမှုကုန်ကျစရိတ် လျှော့ချခြင်း၊ ခရီးသွားဈေးကွက် ယုံကြည်မှု ပြန်လည်ရရှိစေခြင်း၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းပြီး တစ်ချိန်တည်းတွင် နိုင်ငံအချုပ်အခြာအာဏာကို အခိုင်အမာ ကာကွယ်ကာ ထိုင်း-ကမ္ဘောဒီးယား နားလည်မှုစာချွန်လွှာကို ပယ်ဖျက်လိုခြင်း ရှိ၊ မရှိကို ပြည်သူတစ်ရပ်လုံး ဆန္ဒခံယူပွဲကျင်းပခြင်း၊ ဘေးအန္တရာယ် ကြိုတင်သတိပေးစနစ်ကို ကောင်းမွန်ပြည့်စုံစေခြင်းနှင့် တရားမဝင်လောင်းကစား တိုက်ဖျက်ခြင်းစသည်တို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အနူတင်က အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူတစ်ရပ်လုံး ဆန္ဒခံယူပွဲ ကျင်းပရန် ထောက်ခံပြီး ပြည်သူ့သဘောထားအား အပြည့်အဝ နားဆင်ကာ လူ့အဖွဲ့အစည်း နယ်ပယ်အသီးသီးမှ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်ရေးကို သေချာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစိုးရအနေဖြင့် နိုင်ငံစီမံခန့်ခွဲမှုနှင့် မူဝါဒ လက်တွေ့ဖော်ဆောင်မှုကို အားသွန်ခွန်စိုက် မြှင့်တင်သွားမည်ဖြစ်ပြီး လက်ရှိ အရေးတကြီး ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သလို နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အခြေခံအုတ်မြစ်ချရေးအတွက်လည်း အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
Bhumjaithai ပါတီ အကြီးအကဲ အနူတင်သည် ယခုလ ၅ ရက် အောက်လွှတ်တော်၌ ကျင်းပသော အထူးအစည်းအဝေးတွင် မဲထက်ဝက်ကျော်ရရှိခဲ့ပြီး ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ စက်တင်ဘာ ၁၉ ရက်တွင် အနူတင် တင်သွင်းခဲ့သော အစိုးရအဖွဲ့ဝင်သစ်စာရင်းကို ထိုင်းဘုရင် Maha Vajiralongkorn က အတည်ပြုခဲ့သည်။
ယင်းမတိုင်မီ အောက်လွှတ်တော်တွင် အမတ်နေရာအများဆုံးရရှိထားသော ပြည်သူ့ပါတီနှင့် Bhumjaithai ပါတီတို့ သဘောတူညီမှုရရှိခဲ့ကြပြီး အနူတင် ဝန်ကြီးချုပ်သစ်အဖြစ် တာဝန်ထမ်းဆောင်ခြင်းကို ထောက်ခံခဲ့ကြသော်လည်း အရင်ဆုံးလိုအပ်ချက်မှာ အစိုးရအသစ်သည် ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပရေးအတွက် လမ်းခင်းပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ၄ လအတွင်း မဖြစ်မနေ တွန်းအားပေးဆောင်ရွက်ပြီး အောက်လွှတ်တော်ကို ဖျက်သိမ်းရမည်ဖြစ်ကြောင်း၊ ထိုင်းမီဒီယာများက ကြေညာခဲ့သော အချိန်ဇယားအရ အစိုးရအသစ်သည် အောက်တိုဘာလ ၁ ရက်မှစတင်၍ တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………….
(Chinese Version)
泰国总理阿努廷:新政府将致力于在有限任期内应对四重挑战
新华社曼谷9月29日电(记者常天童)泰国总理阿努廷29日说,泰国新政府将致力于在有限的时间内应对经济、国家安全、自然灾害和社会问题四重挑战。
泰国国会29日召开会议,听取并讨论新政府的施政方针。阿努廷在宣读的施政方针中表示,本届政府将迅速应对当前国家面临的各项挑战,具体举措包括:增加民众收入、降低生活成本、恢复旅游市场信心;和平解决泰柬边境争端,同时坚决保卫国家主权,就是否废除泰柬谅解备忘录举行全民公投;完善灾害预警系统;打击非法赌博等。
此外阿努廷还表示,政府支持就修改宪法举行全民公投,充分听取民意,确保社会各界广泛参与。他强调,政府将全力以赴推进国家治理和政策落实,既着眼解决紧迫问题,也着力为国家长远发展奠定基础。
自豪泰党党首阿努廷本月5日在国会下议院特别会议投票中获得过半数支持,当选新一任泰国总理。19日,阿努廷提交的新政府内阁成员名单获国王玛哈·哇集拉隆功批准。
此前,在国会下议院拥有最多席位的人民党与自豪泰党达成协议,支持阿努廷出任新总理,但前提是新政府必须在4个月内推动修宪并解散国会下议院,为重新大选铺路。按照泰国媒体公布的时间表,新政府将于10月1日开始工作。(完)
图说:9月29日,在泰国首都曼谷,泰国总理阿努廷在出席国会会议时宣读施政方针。新华社发(拉亨摄)