Connect with us

China

ကမ္ဘာ့အမျိုးသမီးထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်တက်ရောက်ပြီး အရေးကြီးမိန့်ခွန်း ပြောကြားမည်

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၊ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝူးလူမုချီမြို့၌ တိုင်းရင်းသားအုပ်စုများ၊ အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့သော တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ၊ ရှီကျင့်ဖိန်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာ ၁၃ ရက်မှ ၁၄ ရက်အထိ ပေကျင်းမြို့တော်၌ ကျင်းပမည့် ကမ္ဘာ့အမျိုးသမီးထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်းတစ်ခုကို ပြောကြားမည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၉ ရက်က ကြေညာခဲ့သည်။
တရုတ်နိုင်ငံအစိုးရနှင့် ကုလသမဂ္ဂ အမျိုးသမီးရေးရာအဖွဲ့မှ ပူးတွဲစီစဉ်ကျင်းပမည့် အဆိုပါအစည်းအဝေးတွင် နိုင်ငံ့အကြီးအကဲများ၊ အစိုးရခေါင်းဆောင်များ၊ ပါလီမန်ခေါင်းဆောင်များ၊ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးအဆင့်အရာရှိများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ခေါင်းဆောင်များနှင့် ကမ္ဘာ့တိုက်ကြီးအသီးသီး မှ ချစ်ကြည်ရေးပုဂ္ဂိုလ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ယခုနှစ်ကျင်းပမှုသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ က ပေကျင်းတွင် ကျင်းပခဲ့ပြီး ပေကျင်းကြေညာစာတမ်းနှင့် လုပ်ဆောင်မှုအတွက် မူဝါဒလမ်းစဉ်ကို အတည်ပြုထုတ်ပြန်ခဲ့သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ်နှစ်ဖြစ်ခြင်းကြောင့် ညီလာခံ၏ စိတ်ဓာတ်နှင့် အနှစ်သာရကို ထပ်လောင်းအတည်ပြုရန်နှင့် အကျိုးရလဒ်များထွက်ပေါ်လာစေမည့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို အရှိန်မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ကောက ရှင်းလင်း ပြောကြားခဲ့သည်။
ယခုနှစ်ကျင်းပမည့် အစည်းအဝေးမှ ကျား/မ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်မှု တိုးတက်မြင့်မားလာရေးကို အရှိန်အဟုန် ဖြည့်တင်းပေးမည်ဖြစ်သလို လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်းတစ်ခု တည်ဆောက်မှုကိုလည်း မြှင့်တင်မည်ဖြစ်ကြောင်း ကောက ဆက်လက်ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ၏ဖွံ့ဖြိုးတိုးတက်မှုသမိုင်းကြောင်းတွင် နောက်ထပ် မှတ်တိုင်သစ်တစ်ခု ဖြစ်လာစေမည့် အစည်းအဝေးကို အောင်အောင်မြင်မြင်ကျင်းပပြုလုပ်နိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်း နှင့် တရုတ်နိုင်ငံက လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကောက ပြောကြားခဲ့သည်။ (Xinhua)
………………………..
(English Version)
Xi to attend opening ceremony of the Global Leaders’ Meeting on Women, deliver keynote speech
BEIJING, Oct. 9 (Xinhua) — The Global Leaders’ Meeting on Women will be held in Beijing from Oct. 13 to 14. Chinese President Xi Jinping will attend the opening ceremony of the meeting and deliver a keynote speech, a Chinese foreign ministry spokesperson announced on Thursday.
The meeting, co-hosted by China and UN Women, will gather heads of state, government leaders, parliamentary leaders, deputy prime ministers, ministerial officials, leaders of international organizations, and friendly personnel from various continents, spokesperson Guo Jiakun said at a regular news briefing.
Noting that this year marks the 30th anniversary of the Fourth World Conference on Women in Beijing, which adopted the Beijing Declaration and Platform for Action, Guo said the meeting aims to reaffirm the spirit of the conference and accelerate the implementation of its outcomes.
He said the meeting will inject new momentum into advancing gender equality and the well-rounded development of women, and promote the building of a community with a shared future for humanity.
Guo said China looks forward to working with the international community to ensure the success of the upcoming meeting, making it another milestone in the history of global women’s development. ■
Photo:
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, meets with representatives from all ethnic groups and all walks of life in northwest China’s Xinjiang Uygur Autonomous Region, in Urumqi, the regional capital, Sept. 23, 2025. (Xinhua/Xie Huanchi)