Asia
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်စပ်ဒေသ၌ ပဋိပက္ခဖြစ်ပွား

အစ္စလာမ်မာဘတ်/ကဘူးလ်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့သည် ဒေသစံတော်ချိန် အောက်တိုဘာ ၁၁ ရက် ညသန်းခေါင်ယံမှ အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းအထိ နှစ်နိုင်ငံနယ်စပ်ဒေသ၌ ပဋိပက္ခဖြစ်ပွားခဲ့သည်။ ပါကစ္စတန်ဘက်က“ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်ဒေသ၌ အာဖဂန်နစ္စတန်၏ ရန်စမှုလုပ်ရပ်” အား ပြစ်တင်ရှုတ်ချခဲ့ပြီး အာဖဂန်နစ္စတန်အနေဖြင့် ၎င်း၏ နယ်မြေပိုင်နက်ကို ပါကစ္စတန်အား ဦးတည်သည့် အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းအတွက် အသုံးပြုမခံရေးအား အာမခံပေးရန် တောင်းဆိုခဲ့သည်။ အာဖဂန်နစ္စတန်ဘက်ကမူ ၎င်းတို့၏ နယ်မြေပိုင်နက်အား ကျူးကျော်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၁ ရက် ညသန်းခေါင်ယံမှ အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းအထိ အကြမ်းဖက်အဖွဲ့ Tehreek-e-Taliban Pakistan လက်နက်ကိုင်အဖွဲ့ဝင်များသည် ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်ဒေသ၌ ပါကစ္စတန်အား တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့က တန်ပြန်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့ဝင် ၂၀၀ ဦးထက်မနည်း သေဆုံးအောင် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါပဋိပက္ခဖြစ်မှုကြောင့် ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၃ ဦး သေဆုံး၍ ၂၉ ဦး ဒဏ်ရာရခဲ့ကြောင်း ပါကစ္စတန်စစ်တပ် ပြန်ကြားရေးဌာနက အောက်တိုဘာ ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပါကစ္စတန်စစ်တပ်အနေဖြင့် အာဖဂန်နစ္စတန်စစ်တပ်စခန်းနှင့် ကင်းစခန်းများ၊ Tehreek-e-Taliban Pakistan ၊ ဘလူချီစတန်လွတ်မြောက်ရေးတပ်ဖွဲ့ (BLA) နှင့် အစွန်းရောက်အဖွဲ့ ISIS တို့၏ အာဖဂန်နစ္စတန်နိုင်ငံ ပြည်တွင်းရှိ အကြမ်းဖက်သမားများ လေ့ကျင့်ရေးအခြေစိုက်စခန်းနှင့် ပံ့ပိုးရေးကွန်ရက်များကိုလည်း တိကျစွာ တိုက်ခိုက်ခဲ့ပြီး ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်ဒေသရှိ အာဖဂန်နစ္စတန် စစ်တပ်စခန်းများစွာကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ အာဖဂန်နစ္စတန်ဘက်ရှိ ကင်းစခန်းနေရာ ၂၁ ခုကို ပါကစ္စတန်ဘက်က “ယာယီ” သိမ်းပိုက်ခဲ့ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif က အောက်တိုဘာ ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ပါကစ္စတန်အနေဖြင့် “ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်ဒေသမှာ အာဖဂန်နစ္စတန်ရဲ့ ရန်စတဲ့လုပ်ရပ်” အား ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း၊ ပါကစ္စတန်စစ်တပ်အနေဖြင့် အာဖဂန်နစ္စတန်၏ တိုက်ခိုက်မှု လုပ်ရပ်အပေါ် အားကောင်းသော တုံ့ပြန်မှု လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံ သမ္မတ Asif Ali Zardari ကလည်း ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်ကာ ပါကစ္စတန်အနေဖြင့် နိုင်ငံတော် အချုပ်အခြာအာဏာအရေးကိစ္စတွင် လုံးဝနောက်ဆုတ်သွားမည်မဟုတ်ကြောင်း အလေးထား ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၁ ရက် ညပိုင်းက အာဖဂန်နစ္စတန်-ပါကစ္စတန်နယ်စပ်ဒေသ၌ အာဖဂန်နစ္စတန်၏ တန်ပြန်တိုက်ခိုက်မှုအတွင်း ပါကစ္စတန်ဘက်က လူ ၅၈ ဦး သေဆုံး၍ ၃၀ ဦး ဒဏ်ရာရခဲ့ကြောင်း၊ အာဖဂန်နစ္စတန်ဘက်က လူ ၉ ဦးသေဆုံး၍ ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid သည် အောက်တိုဘာ ၁၂ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မည်သူမဆို အာဖဂန်နစ္စတန်နိုင်ငံ၏ နယ်မြေပိုင်နက်အား ကျူးကျော်မည်ဆိုပါက အာဖဂန်နစ္စတန်အစိုးရနှင့် ပြည်သူများသည် တုံ့ပြန်မှုလုပ်ဆောင်၍ နိုင်ငံတော် အချုပ်အခြာအာဏာအား ကာကွယ်သွားမည်ဖြစ်ကြောင်း၊ သို့သော် အာဖဂန်နစ္စတန်အနေဖြင့် “တွေ့ဆုံဆွေးနွေးမှုဖြင့် ပြဿနာအားလုံးကို ဖြေရှင်းဖို့ ပိုမိုအလေးသာကြောင်း” လည်း Zabihullah Mujahid က ပြောကြားခဲ့သည်။
ပါကစ္စတန် စစ်တပ်က အောက်တိုဘာ ၉ ရက် ညပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်နှင့် Paktika ပြည်နယ်အား လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ Tehreek-e-Taliban Pakistan အဖွဲ့ဝင်များနှင့် သက်ဆိုင်သည်ဟုဆိုသော ခိုအောင်းရာနေရာအား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ထိုမတိုင်မီ သတင်းမီဒီယာများက သတင်းဖော်ပြကြသည်။ ပါကစ္စတန်စစ်တပ် ပြန်ကြားရေးဌာန အကြီးအကဲ Ahmed Sharif Chaudhry ကမူ အထက်ပါသတင်းဖော်ပြချက်ကို အတည်ပြုခြင်းမရှိသေးပေ။ (Xinhua)
——————
(Chinese Version)
巴基斯坦与阿富汗在边境地区交火
新华社伊斯兰堡/喀布尔10月12日电(记者蒋超 李昂)当地时间11日深夜至12日凌晨,巴基斯坦与阿富汗在两国边境地区交火。巴方谴责“阿富汗在巴阿边境地区的挑衅行为”,要求阿方确保其领土不被用于针对巴基斯坦的恐怖活动。阿富汗方面称,将对任何侵犯阿领土的行为作出回应。
巴基斯坦三军新闻局12日发表声明说,11日深夜至12日凌晨,恐怖组织“巴基斯坦塔利班”武装分子在巴阿边境地区对巴方发动袭击,巴安全部队进行反击,至少打死200名武装分子。交火造成巴安全部队23人死亡、29人受伤。
声明说,巴军方还精准打击了阿方军队营地和哨所、“巴基斯坦塔利班”“俾路支解放武装”以及极端组织“伊斯兰国”在阿境内的恐怖分子训练基地和支持网络,摧毁了巴阿边境地区多个阿方军队营地,阿方一侧21个哨所阵地被巴方“短暂”占领。
巴基斯坦总理夏巴兹12日发表声明说,巴方强烈谴责“阿富汗在巴阿边境地区的挑衅行为”,巴军方已对阿方的进攻行为作出强有力回击。巴总统扎尔达里当天也发表声明,强调巴方在国家主权问题上绝不会作出任何让步。
阿富汗政府发言人穆贾希德12日在喀布尔举行的记者会上说,在11日夜间阿方于阿巴边境地区展开的反击行动中,巴方58人死亡、30人受伤,阿方9人死亡、16人受伤。
穆贾希德还说,任何人若侵犯阿富汗领土,阿政府及人民都将予以回应,捍卫国家主权,但阿方“更倾向于通过对话解决一切问题”。
此前有媒体报道称,巴基斯坦军方9日夜间对阿首都喀布尔及帕克提卡省发动空袭,打击据称属于“巴基斯坦塔利班”成员的藏身点。巴三军新闻局局长乔杜里对上述报道未予以证实。(完)