Sport
၂၀၂၅ ခုနှစ် ရှီးအန်းမာရသွန်ပြိုင်ပွဲတွင် ဝမ်ဟုန်ဝေ အနိုင်ရရှိ

ရှီးအန်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်၏မြို့တော် ရှီးအန်းတွင် အောက်တိုဘာ ၁၉ ရက်၌ ပြုလုပ်ခဲ့သည့် မာရသွန်ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ဝမ်ဟုန်ဝေက နှစ်နာရီ၊ ၁၃ မိနစ်၊ ၂၅ စက္ကန့်ဖြင့် ပန်းဝင်ကာ အနိုင်ရခဲ့သည်။၂၀၁၇ ခုနှစ်က စတင်ကျင်းပခဲ့သော ကမ္ဘာ့ပြေးခုန်ပစ်ရွှေတံဆိပ်လမ်းပြိုင်ပွဲသည် ယခုနှစ်တွင် မာရသွန်၊ တစ်ဝက်မာရသွန်နှင့် ခုနှစ်ကီလိုမီတာအပြေးပြိုင်ပွဲများပါဝင်ခဲ့ကာ ပြိုင်ပွဲဝင် ၃၈,၀၀၀ ဝန်းကျင် ပါဝင်ယှဥ်ပြိုင်ရန် ဆွဲဆောင်နိုင်ခဲ့သည်။ အဆိုပါ ပါဝင်ယှဥ်ပြိုင်သူများအနက် အပြေးသမား ၂၂,၀၀၀ နီးပါးက မာရသွန် ပြိုင်ပွဲတွင် ယှဥ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ၁၂,၀၀၀ ကမူ တစ်ဝက်မာရသွန်ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
အမျိုးသား မာရသွန်ပြိုင်ပွဲတွင် ဝူမိန်ရောင်က ၄ စက္ကန့်တည်းနောက်ကျခဲ့ကာ ဒုတိယနေရာရခဲ့သည်။ တရုတ်နိုင်ငံမှ ဝမ်ကျားဟောက်ကလည်း ၂ နာရီ၊ ၁၃ မိနစ်၊ ၃၀ စက္ကန့်ဖြင့် ပန်းဝင်ပြီးနောက် တတိယ နေရာရခဲ့သည်။
အမျိုးသမီးပြိုင်ပွဲတွင် ဟွမ်ဖေးက ၂ နာရီ၊ ၃၁ မိနစ်၊ ၀၂ စက္ကန့်ဖြင့် ပန်းဝင်ကာပထမနေရာရခဲ့ပြီး ကျူးချင်းနှင့် လီချွန်းရှာ တို့က ဒုတိယနှင့် တတိယနေရာအသီးသီး ရခဲ့သည်။
“ရှီးအန်းရဲ့ မြို့ပြအသွင်အပြင်က တရုတ်နိုင်ငံက တခြားနေရာတွေနဲ့ လုံးဝကိုကွဲပြားခြားနားပါတယ်။ နောက်တစ်ချိန်ဆိုရင်တော့ ရှီးအန်းကို ကျွန်တော် အပန်းဖြေခရီးထွက်ဖြစ်နိုင်ပါတယ်” ဟု ဝမ်ဟုန်ဝေက ပြောကြားခဲ့သည်။
” ရှီးအန်းမှာ ဒေသထွက် အစားအစာတွေ အများကြီးရှိတယ်။ ဥပမာ Roujiamo လို့ ခေါ်တဲ့ တရုတ်ဟမ်ဘာဂါ၊ BiangBiang ခေါက်ဆွဲတွေပေါ့။ အဲဒါတွေကို ကျွန်မ အရမ်းသဘောကျတယ်” ဟု ဟွမ်ဖေးကလည်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)
————————
(English Version)
Wang Hongwei wins 2025 Xi’an Marathon
XI’AN, China, Oct. 19 (Xinhua) — China’s Wang Hongwei won the Xi’an Marathon in the capital city of northwest China’s Shaanxi Province on Sunday, clocking two hours, 13 minutes and 25 seconds.
First launched in 2017, the World Athletics gold label road race attracted around 38,000 participants to compete in marathon, half-marathon and seven-kilometer events this year. Among them, nearly 22,000 runners saw actions in the marathon event, while 12,000 participated in the half-marathon competition.
Wu Mingyao was second in the men’s marathon, finishing just four seconds behind. China’s Wang Jiahao completed the podium in third place after finishing in 2:13:30.
In women’s event, Huang Fei reached the top of the podium after clocking 2:31:02, with Zhu Qing and Li Chunxia finishing second and third, respectively.
“The urban appearance of Xi’an is completely different from that of other places in China. Maybe next time I will take a vacation here,” said Wang Hongwei.
“There are many local snacks in Xi’an, such as Chinese Hamburger Roujiamo, BiangBiang noodles. They impressed me a lot,” Huang told Xinhua. ■
Photo
Participants run past the Erqi Square during the 2024 Zhengzhou Marathon in Zhengzhou, central China’s Henan Province, on Nov. 3, 2024. (Xinhua/Zhao Peng)