International Organizations
နောက်ခံလူ ရှလော့တာဘက်ခ်အား စာချုပ်သက်တမ်းတိုးနိုင်ရန် ဒေ့ါမွန်အသင်း အရှိန်မြှင့်ကြိုးပမ်းနေ

ဘာလင်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
ဂျာမန်ကလပ် ဒေ့ါမွန်အသင်းအနေဖြင့် ကိုပင်ဟေဂင်မြို့တွင် အောက်တိုဘာ ၂၁ ရက် ညပိုင်း၌ ယှဉ်ပြိုင်ကစားမည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ နောက်ခံလူ နီကို ရှလော့တာဘက်ခ်အား စာချုပ်သက်တမ်းတိုးနိုင်ရန် အရှိန်မြှင့်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသက် ၂၅ နှစ်အရွယ် ဂျာမနီလက်ရွေးစင် ကစားသမားအား ဘိုင်ယန်မြူးနစ်နှင့် ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပ ထိပ်တန်းကလပ်အသင်းများစွာက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။
၂၀၂၄ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့် ဒေ့ါမွန်အသင်းအနေဖြင့် မိမိတို့၏ အဓိက နောက်ခံလူကို ဆက်လက်ထိန်းထားနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားနေသည်ဟု စီအီးအို ဟန်စ်-ယိုအာချင် ဗက်ဇ်ကေးက ပြောသည်။
အသက် ၆၆ နှစ်အရွယ် ဗက်ဇ်ကေးက ရှလော့တာဘက်ခ်၏ ရည်မှန်းချက်ကြီးပုံကို နှစ်သက်သဘောကျသည်ဟု မကြာမီက ထုတ်ဖော်ပြောဆိုခဲ့ပြီး ကမ္ဘာ့အဆင့် ကြယ်ပွင့်ကစားသမားတစ်ဦး ဖြစ်လာနိုင်သည့် ၎င်း၏ အနာဂတ်အလားအလာကိုလည်း ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။
“သူဟာ မတ်စ် ဟမ်းမဲလ်လိုပဲ။ ကျွန်တော်တို့အသင်းရဲ့ဂျာစီကို ဝတ်ဆင်ရင်း ကမ္ဘာကျော် ကစားသမားတစ်ယောက် ဖြစ်လာမယ်လို့ ကျွန်တော် သူ့ကိုပြောခဲ့တယ်” ဟု ပြီးခဲ့သည့် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များတွင် ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့စဉ်ကအကြောင်းကို ဗက်ဇ်ကေးက ပြန်လည်ပြောပြခဲ့သည်။
ရှလော့တာဘက်ခ်မှာ ဂျာမနီလက်ရွေးစင်အသင်း၌လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခွင့်ရရှိထားသူဖြစ်သည်။ နည်းပြ ဂျူလီယန် နာဂယ်စ်မန်းက ၎င်းမှာ အစားထိုး၍မရနိုင်သည့် ကစားသမားဖြစ်သည်ဟု မကြာမီက အလေးအနက်ပြောကြားခဲ့ပြီး အဆိုပါ ဘယ်သန်ကစားသမား၏ ပွဲအပေါ် စိုးမိုးထားနိုင်ရန် ပံ့ပိုးမှုက များစွာအကျိုးပြုသည်ဟု ဆိုသည်။
ရှလော့တာဘက်ခ်က ၎င်းအနေဖြင့် ဒေ့ါမွန်တွင် စိတ်လက်ပေါ့ပါးမှုကို ခံစားရသည်ဟု အလေးအနက်ပြောဆိုလျက် ၎င်း၏ဆုံးဖြတ်ချက်ကို လေးလေးနက်နက် ချင့်ချိန်လျက်ရှိသည်။
“ကျွန်တော့်စာချုပ်က နောက်ထပ် ၁၈ လ ကျန်ပါသေးတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး ယင်းမှာ အရေးပါသော ဆုံးဖြတ်ချက်ဖြစ်သည်ဟု ဆိုသည်။
ဘိုင်ယန်မြူးနစ်အနေဖြင့် နောက်ခံလူ ဒါယော့ အူပါမီကာနိုနှင့် ဆွေးနွေးမှုများ ကြန့်ကြာနေမည်ဆိုလျှင် အခြေအနေမှာ ပို၍ပင် အရှိန်မြင့်တက်လာဖွယ်ရှိသည်။ ပြင်သစ်လက်ရွေးစင် အူပါမီကာနိုအနေဖြင့် ဘိုင်ယန်အသင်း၌ ချုပ်ဆိုထားသော စာချုပ်မှာ ၂၀၂၆ ခုနှစ် နွေရာသီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ ၎င်းအား လစာနှုန်းထားနှင့် လက်မှတ်ထိုးကြေး သိသိသာသာ တိုးမြှင့်ပေးရန် ကစားသမားဘက်က တောင်းဆိုထားသည်။
ရှလော့တာဘက်ခ်မှာ အောက်တိုဘာ ၁၈ ရက် ဘွန်ဒက်စ်လီဂါပွဲစဉ်၌ ၎င်း၏စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ပြိုင်ဘက်၏ final third ဇုန်ထဲသို့ ဘောလုံးပေးပို့မှု အကြိမ် ၂၀ ဖြင့် အများဆုံးဖြစ်ခဲ့သလို ဂိုးဧရိယာထဲ၌ မိုက်ကယ် အိုလစ်ဆီ ဂိုးကန်သွင်းရန် ကြိုးပမ်းရာတွင် အရေးပါသော ဖျက်ထုတ်မှုကို ပြုလုပ်နိုင်ခဲ့သည်။
ထို့အတူ ဘိုင်ယန်မြူးနစ် ပရိသတ်များကလည်း အဆိုပါ ဒေ့ါမွန်နောက်ခံလူအား အပြောင်းအရွှေ့ကာလတွင် ခေါ်ယူပေးရန် အသင်း၏ ထိပ်တန်းပစ်မှတ်အဖြစ် မကြာမီက ဆန္ဒပြုခဲ့သလို ဘိုင်ယန်နည်းပြ ဗင်းဆင့် ကွန်ပနီကလည်း ၎င်း၏ ဘောလုံးဖြန့်ဝေနိုင်မှုအပေါ် ချီးကျူးခဲ့ပြီး ၎င်းမှာ ထိပ်တန်းနောက်ခံလူတစ်ဦး ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဒေ့ါမွန်အသင်းမှာ နည်းပြ နစ်ကို ကိုဗက်၏လက်အောက်တွင် လတ်တလော အခြေအနေ တိုးတက်ကောင်းမွန်လာခြင်းကြောင့် ၎င်းအား စာချုပ်သစ်ချုပ်ဆိုနိုင်မည်ဟူသော မျှော်လင့်ချက်များလည်း ရှိနေသည်။ ဒေ့ါမွန်အနေဖြင့် ဘွန်ဒက်စ်လီဂါတွင် ရလဒ်ကောင်းမွန်နေသလို ချန်ပီယံလိဂ်တွင်လည်း ကိုပင်ဟေဂင်သို့ မထွက်ခွာမီ နှစ်ပွဲကစားထားရာတွင် လေးမှတ်ရရှိထားသည်။
ကိုပင်ဟေဂင်တွင် သုံးမှတ်ယူနိုင်ရန် အဓိကအာရုံစိုက်ထားကြောင်း၊ ထိုပွဲစဉ်ပြီးမှသာလျှင် အားကစားဒါရိုက်တာ ဆီဘက်ရှန် ခဲလ်နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ရှလော့တာဘက်ခ်က ပြောကြားခဲ့သည်။ “အဲဒီတော့မှ ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နည်းပြကိုဗက်ကမူ ရှလော့တီ (ရှလော့တာဘက်ခ်) မှာ ဒေ့ါမွန်အသင်းအတွက်သာ အပြည့်အဝအာရုံစိုက်ထားပြီး ကစားခွင့်ရသည့် အချိန်တိုင်းတွင် ပျော်ရွှင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ဂျာမနီနိုင်ငံ ဒေ့ါမွန်မြို့တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က ဒေ့ါမွန်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဘောလုံးပွဲစဉ်၌ ဒေ့ါမွန်အသင်းမှ နီကို ရှလော့တာဘက်ခ် (ယာ) နှင့် ဘာစီလိုနာအသင်းမှ ရောဘတ် လီဝန်ဒေါစကီးတို့ ယှဉ်ပြိုင်ကစားနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်င့ ဒေ့ါမွန်မြို့တွင် ၂၀၂၅ ခုနှစ် မတ် ၂၃ ရက်က ဂျာမနီအသင်းနှင့် အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ နေးရှင်းစ်လိဂ် ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်၌ ဂျာမနီကစားသမား နီကို ရှလော့တာဘက်ခ် (ဝဲ) နှင့် အီတလီကစားသမား မွိုက်စ်ကင်းန်တို့ ဘောလုံးယှဉ်လုနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)
……………..
(English Version)
Feature: Dortmund intensifies contract push for defender Schlotterbeck
BERLIN, Oct. 20 (Xinhua) — Borussia Dortmund is intensifying efforts to extend the contract of defender Nico Schlotterbeck ahead of its UEFA Champions League match in Copenhagen on Tuesday.
The 25-year-old German international is on the radar of several top European clubs, including Bayern Munich and Real Madrid.
CEO Hans-Joachim Watzke said the 2024 Champions League finalist is “pulling out all stops” to keep its key defensive figure.
The 66-year-old recently appealed to Schlotterbeck’s ambitions, outlining a future role for him as an “international star.”
“I told him how it is to be a world star in our shirt, one like Mats Hummels was,” Watzke said about their meeting during the recent FIFA World Cup qualifiers.
Schlotterbeck also enjoys a central role with the German national team. Coach Julian Nagelsmann recently highlighted the player as irreplaceable, noting that “a left foot’s game-opening contribution is overwhelmingly helpful.”
While emphasizing he feels comfortable in Dortmund, Schlotterbeck is treating the decision carefully.
“I still have a contract for the next 18 months,” he said, calling it an important decision.
The situation could intensify if Bayern Munich’s negotiations with defender Dayot Upamecano stall. The French international’s contract expires in summer 2026, and he is demanding a significant raise and signing fee.
Schlotterbeck showcased his value in last Saturday’s match, earning top marks for 20 passes into the final third and making a crucial tackle against Michael Olise in the box.
Bayern Munich fans recently voted the Dortmund defender as their club’s top transfer target, with coach Vincent Kompany praising his distribution and calling him a “top defender.”
Dortmund’s recent improvement under coach Niko Kovac has sparked hopes of securing his signature. The club has gained ground in the Bundesliga and sits on four points after two Champions League matches ahead of its trip to Copenhagen.
Schlotterbeck said the focus is on getting three points in the Danish capital, after which he will begin talks with sporting director Sebastian Kehl. “And then we see where this is taking us,” he added.
Coach Kovac said “Schlotti” is entirely focused on the team and “is enjoying every minute on the pitch.”
English Caption 1
Nico Schlotterbeck (R) of Borussia Dortmund vies with Romulo Cardoso of RB Leipzig during the German first division Bundesliga football match between Borussia Dortmund and RB Leipzig in Dortmund, Germany, Oct. 4, 2025. (Photo by Joachim Bywaletz/Xinhua)
English Caption 2
Nico Schlotterbeck (R) of Borussia Dortmund vies with Robert Lewandowski of Barcelona during the UEFA Champions League match between Borussia Dortmund and FC Barcelona in Dortmund, Germany, Dec. 11, 2024. (Photo by Joachim Bywaletz/Xinhua)
English Caption 3
Nico Schlotterbeck (L) of Germany vies with Moise Kean of Italy during the UEFA Nations League quarterfinal 2nd leg football match between Germany and Italy in Dortmund, Germany, March 23, 2025. (Photo by Ulrich Hufnagel/Xinhua)