Connect with us

Europe

လူဗာပြတိုက် လုယက်မှု သံသရှိသူ နှစ်ဦး ဖမ်းဆီးရမိဟု ပြင်သစ်မီဒီယာ သတင်းထုတ်ပြန်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် လူဗာပြတိုက်၏ ဖန်ပိရမစ်ဝင်ပေါက်ရှေ့တွင် ခရီးသွားဧည့်သည်အများအပြား စုဝေးနေသည်ကို အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
ရဲတပ်ဖွဲ့သည် အောက်တိုဘာ ၂၅ ရက် ညပိုင်းတွင် လူဗာပြတိုက် လုယက်မှုအတွင်း ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြင်သစ် “Le Parisien” သတင်းစာ၏ အောက်တိုဘာ ၂၆ ရက် သတင်းတွင် ဖော်ပြခဲ့သည်။
ဖမ်းဆီးခံခဲ့ရသော အမျိုးသားနှစ်ဦးမှာ အသက် ၃၀ အရွယ်ခန့်ရှိပြီး နှစ်ဦးလုံးမှာ Ile-de-France ဒေသရှိ Seine-Saint-Denis ပြည်နယ်မှဖြစ်ကြောင်း၊ ၎င်းတို့ကို လူဗာပြတိုက် လုယက်မှု ၄ ဦးအဖွဲ့မှ အဖွဲ့ဝင်များအဖြစ် သံသယရှိခဲ့ကြောင်း “Le Parisien” သတင်းစာ၏ သတင်းအရ သိရသည်။
ထိုသံသယရှိသူ နှစ်ဦးမှာ ယင်းမတိုင်မီ ခိုးယူမှုများကြောင့် ရဲများက သိရှိထားပြီး ၎င်းတို့သည် အတွေ့အကြုံရှိသူများဖြစ်ကာ တစ်စုံတစ်ယောက်၏ စေခိုင်းမှုအရ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ ၎င်းတို့အနက် သံသယရှိသူတစ်ဦးသည် အယ်လ်ဂျီးရီးယားနိုင်ငံသို့ ထွက်ပြေးရန် စီစဉ်နေနိုင်ကြောင်း ရဲများက သိရှိခဲ့ပြီး ဖမ်းဆီးလုပ်ဆောင်မှုများ စတင်ခဲ့ရာ အောက်တိုဘာ ၂၅ ရက် ည ၁၀:၀၀ နာရီခန့်တွင် ပဲရစ်ရှိ ချားလ်စ်ဒီဂေါလ်လေဆိပ်၌ ၎င်းအား ဖမ်းဆီးခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့ကြောင်း၊ အခြားသံသယရှိသူတစ်ဦးမှာလည်း အောက်တိုဘာ ၂၅ ရက်တွင် Seine-Saint-Denis ပြည်နယ်တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ပဲရစ် အစိုးရရှေ့နေရုံးက လူဗာပြတိုက် လုယက်မှုအတွက် ဖမ်းဆီးထားသော သံယရှိသူ ရှိပြီဖြစ်ကြောင်း အောက်တိုဘာ ၂၆ ရက်တွင် အတည်ပြုခဲ့သော်လည်း ဖမ်းဆီးခဲ့သော အသေးစိတ်အချက်အလက်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ ပြင်ပသို့ ဖမ်းဆီးမှုအခြေအနေကို ဆောလျင်စွာ ကြေညာခြင်းသည် အနာဂတ်စုံစမ်းစစ်ဆေးမှုများကို ထိခိုက်စေလိမ့်မည်ဟု အစိုးရရှေ့နေဘက်က ပြောကြားခဲ့သည်။
ပဲရစ် အစိုးရရှေ့နေရုံး၏ အဆိုအရ ဒေသစံတော်ချိန် ၁၉ ရက် နံနက် ၉:၃၀ နာရီခန့်တွင် မျက်နှာဖုံးစွပ်ထားသော လူလေးဦးသည် လူဗာပြတိုက်အပြင်ဘက်သို့ ရောက်ရှိလာပြီး အတက်အဆင်းစက်လှေကားကို တာဝန်ခွဲလုပ်ဆောင်ကာ အဆောက်အဦအပြင်ဘက်ရှိ ဝရန်တာမှ အတွင်းခန်းထဲသို့ လျှိုဝင်၍ ပြခန်းတွင်ထားရှိသော ရတနာများကို လုယက်ယူသွားခဲ့ကြောင်း၊ လုယက်စဉ်အတွင်း ပြတိုက်လုံခြုံရေးအရာရှိအား ထောင့်ကြိတ်စက်ဖြင့် ခြိမ်းခြောက်ခဲ့ကြောင်း၊ မိနစ်ပိုင်းအတွင်း ရတနာပစ္စည်း ၉ မျိုးလုယက်သွားပြီး ယင်းအနက် Eugénie ဘုရင်မ၏ သရဖူကိုမူ ရဲဘက်က ပြန်လည်ရှာတွေ့ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………….
(Chinese Version)
法媒:两名卢浮宫抢劫案嫌疑人被捕
新华社巴黎10月26日电(记者张百慧)法国《巴黎人报》26日报道说,警方25日晚拘捕了两名涉嫌参与卢浮宫抢劫案的人员。
据《巴黎人报》报道,被捕的两名男子30岁左右,均来自法兰西岛大区的塞纳-圣但尼省。他们被怀疑是卢浮宫抢劫案4人团伙中的成员。
《巴黎人报》报道说,这两名嫌疑人此前就因盗窃案为警方所知,他们经验丰富,可能是受人指使作案。调查人员称,警方获悉其中一名嫌疑人可能准备逃往阿尔及利亚,遂展开行动,于25日22时左右在巴黎戴高乐机场将其抓捕。另一名嫌疑人也于25日在塞纳-圣但尼省被捕。
巴黎检方26日确认卢浮宫抢劫案已有嫌疑人被捕,但未披露抓捕细节。检方表示,向外界过早公布抓捕情况不利于今后调查。
据巴黎检方消息,当地时间19日9时30分左右,4名蒙面人来到卢浮宫外,分工配合操作升降装置,从建筑物外部阳台潜入室内,抢走陈列珠宝,其间还用角磨机威胁博物馆保安。数分钟内,9件珠宝被抢,其中一顶属于欧仁妮皇后的皇冠已被警方找到。(完)
图说:10月22日,在法国巴黎,大量游客聚集在卢浮宫博物馆的玻璃金字塔入口前。新华社记者张百慧摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.