Connect with us

International Organizations

WTA Finals တင်းနစ်ပြိုင်ပွဲတွင် ဆာဘလန်ကာက ပက်ဂူလာကို အကြိတ်အနယ်ကစားပြီး အနိုင်ယူကာ နှစ်ပွဲဆက်တိုက် အနိုင်ရရှိ

ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၄ ရက်က ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ရသော WTA Finals တင်းနစ်ပြိုင်ပွဲတွင် အမေရိကန် တင်းနစ်မယ် ဂျက်ဆီကာ ပက်ဂူလာနှင့် ရင်ဆိုင်ကစားသည့် ပွဲစဉ်၌ ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာ စပေးဘောပေးနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ရီယတ်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၄ ရက်က ရီယတ်မြို့တွင် ယှဉ်ပြိုင်ခဲ့သည့် WTA Finals တင်းနစ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်၌ ဆီဒင်-၁ ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာက ဆီဒင်-၅ အမေရိကန်တင်းနစ်မယ် ဂျက်ဆီကာ ပက်ဂူလာ၏ အကြိတ်အနယ် တုံ့ပြန်ကစားမှုကို ကြံ့ကြံ့ခံကာ ၆-၄၊ ၂-၆၊ ၆-၃ ဖြင့် အနိုင်ယူခဲ့ပြီး နှစ်ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ပြီး စတက်ဖီဂရပ်ဖ် အုပ်စု၌ ဦးဆောင်ထားနိုင်ခဲ့သည်။
ဆာဘလန်ကာနှင့် ပက်ဂူလာတို့မှာ အောက်တိုဘာလက ကျင်းပသည့် ဝူဟန့်အိုးပင်းပြိုင်ပွဲ၌ နောက်ဆုံးအကြိမ် ရင်ဆိုင်ကစားခဲ့ရာတွင် ပက်ဂူလာက နောက်မှလိုက်ကစားကာ ယင်းပြိုင်ပွဲ၌ ဆာဘလန်ကာ၏ ပွဲ ၂၀ ဆက်တိုက် နိုင်ပွဲရရှိထားသည့် စံချိန်ကို ရပ်တန့်၍ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

၎င်းတို့နှစ်ဦး လတ်တလော ထိပ်တိုက်တွေ့ဆုံခဲ့သည့် ပွဲစဉ်၌ နှစ်ဦးစလုံးက ပွဲချိန်အစောပိုင်းမှာပင် အားပါသော groundstroke ရိုက်ချက်များကို အပြန်အလှန် အသုံးပြုခဲ့ကာ ပထမပွဲငယ် သုံးပွဲတွင် စပေးဘောမှ တစ်လှည့်စီ အမှတ်မယူနိုင်မီ ရမှတ် ၄၀-၄၀ (deuce) ဖြစ်သွားမည့် အခြေအနေ၌ရှိခဲ့သည်။ ထို့နောက် ဆာဘလန်ကာက ပထမဆုံး break point ရခဲ့ပြီး ၅-၂ ဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ပက်ဂူလာမှာ ပထမပွဲ၌ ရှုံးနိမ့်လုနီးနီးတွင် အမှတ်ယူနိုင်ခဲ့ပြီး ၄-၅ ပြန်ဖြစ်သွားသော်လည်း ဆာဘလန်ကာက break point ထပ်မံရရှိခဲ့သဖြင့် ၆-၄ ဖြင့် အနိုင်ရရှိခဲ့သည်။
ဒုတိယပွဲတွင်မူ ပက်ဂူလာမှာ လက်စွမ်းပိုကောင်းလာခဲ့ပြီး break point နှစ်ကြိမ်ရခဲ့သလို break point ပြန်ပေးရမည့် လေးကြိမ်စလုံးကိုလည်း ဟန့်တားနိုင်ခဲ့ကာ ၆-၂ ဖြင့် အနိုင်ရခဲ့သည်။
ပက်ဂူလာမှာ အဆုံးအဖြတ်ပွဲတွင် အရင်ဆုံး break point ယူနိုင်ခဲ့ပြီး ၂-၁ ဖြင့် ဦးဆောင်ထားသော်လည်း ကမ္ဘာ့အဆင့်-၁ ဆာဘလန်ကာက ပွဲငယ်လေးပွဲဆက်တိုက် အနိုင်ကစားကာ ၆-၃ ဖြင့် အနိုင်ရရှိသွားခဲ့သည်။

“သူက ကျွန်မကို အမြဲတမ်း အစွမ်းကုန်ဖိအားပေးပြီး ကစားလေ့ရှိတယ်” ဟု ဆာဘလန်ကာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။ “ဒုတိယပွဲမှာ သူပိုကောင်းလာပြီး မယုံနိုင်လောက်အောင် လက်စွမ်းပြနိုင်ခဲ့တယ်။ တတိယပွဲရောက်‌တော့ ဟုတ်ပြီ ကျွန်မရဲ့ရိုက်ချက်တွေကို ပိုပြီးအားထည့်ရတော့မယ်။ ကျွန်မ ဒီထက်ပိုပြီး အားကြိုးမာန်တက်ကစားရင်း အစွမ်းကုန်အမြန်နှုန်းသုံးပြီး ရလာတဲ့အခွင့်အရေးကို ဖမ်းဆုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ ကျွန်မ တွေးမိခဲ့တယ်” ဟု ၎င်းက ဆိုသည်။
နိုဝင်ဘာ ၄ ရက်က ယှဉ်ပြိုင်ခဲ့သည့် အခြား တစ်ဦးချင်းပွဲစဉ်တစ်ပွဲတွင် လက်ရှိချန်ပီယံ အမေရိကန် တင်းနစ်မယ် ကိုကိုဂတ်ဖ်က အီတလီတင်းနစ်မယ် ဂျက်စမင် ပေါင်လီနီကို ၆-၃၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)

ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၄ ရက်က ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ရသော WTA Finals တင်းနစ်ပြိုင်ပွဲတွင် ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်၌ အမေရိကန်တင်းနစ်မယ် ဂျက်ဆီကာ ပက်ဂူလာ ပြိုင်ဘက်၏ရိုက်ချက်အား တုံ့ပြန်နေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၄ ရက်က ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားသည့် WTA Finals တင်းနစ်ပြိုင်ပွဲ၌ ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာနှင့် အမေရိကန် တင်းနစ်မယ် ဂျက်ဆီကာ ပက်ဂူလာ (ယာ) တို့ ပွဲအပြီးတွင် ပွေ့ဖက်နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

…………………………
(English Version)
Sabalenka edges Pegula in three sets for second straight win at WTA Finals
RIYADH, Nov. 5 (Xinhua) — Top seed Aryna Sabalenka of Belarus held off a strong fightback from fifth seed Jessica Pegula of the United States to secure a 6-4, 2-6, 6-3 victory at the WTA Finals group stage here on Tuesday, marking her second consecutive win and giving her the lead in the Steffi Graf group.
Sabalenka and Pegula had last faced each other in October’s Wuhan Open, where Pegula came from behind in the semifinals to end Sabalenka’s 20-match winning streak at the tournament.
In their latest meeting, both players traded heavy groundstrokes early, with the first three games going to deuce before each held serve. Sabalenka earned the first break for a 5-2 lead. Pegula saved a set point and cut the deficit to 4-5, but Sabalenka broke again to take the set 6-4.
Pegula raised her level in the second set, breaking twice and saving all four break points she faced to win it 6-2.
The American broke first in the decider to lead 2-1, but the world No. 1 responded with four straight games and sealed the victory 6-3.
“She always pushes me to the limit,” Sabalenka said afterwards. “In the second set, I felt like she stepped in and played incredible tennis. In the third set, I was thinking, ‘OK, I’m going to go after my shots, I’m going to stay even more aggressive and put all that speed back on her and hope I’ll get my chance.”
In another singles match of the day, defending champion Coco Gauff of the United States defeated Italy’s Jasmine Paolini 6-3, 6-2.
English Caption 1
Aryna Sabalenka of Belarus serves during the round robin match against Jessica Pegula of the United States at WTA Finals tennis tournament in Riyadh, Saudi Arabia, on Nov. 4, 2025. (Xinhua/Luo Chen)
English Caption 2
Jessica Pegula of the United States returns a ball during the round robin match against Aryna Sabalenka of Belarus at WTA Finals tennis tournament in Riyadh, Saudi Arabia, on Nov. 4, 2025. (Xinhua/Luo Chen)
English Caption 3
Aryna Sabalenka of Belarus and Jessica Pegula (R) of the United States hug after their round robin match at WTA Finals tennis tournament in Riyadh, Saudi Arabia, on Nov. 4, 2025. (Xinhua/Luo Chen)