China
ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး
ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီနှင့် နိုဝင်ဘာ ၅ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးရာတွင် ဝမ်ရိက တရုတ်နိုင်ငံသည် တရုတ်-အီရန် ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားကြောင်း၊ ယခုနှစ် စက်တင်ဘာလတွင် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ် တို့ အောင်မြင်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တရုတ်-အီရန် ဆက်ဆံရေး နက်ရှိုင်းစေရေးနှင့် စပ်လျဉ်း၍ အရေးကြီး သဘောတူညီချက်များ ရရှိ၍ မဟာဗျူဟာ လမ်းညွှန်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လာမည့်နှစ်တွင် တရုတ်နှင့် အီရန်သည် သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၅၅ နှစ်ပြည့် ရောက်ရှိမည်ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံနှင့်အတူ လက်တွဲကြိုးပမ်းကာ နှစ်နိုင်ငံ ခေါင်းဆောင်များ သဘောတူညီချက်များကို လက်တွေ့ဖော်ဆောင်ရန်၊ နိုင်ငံအရှိန်မြင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူဆောင်ရွက်ရန်၊ အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး တရုတ်-အီရန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုမြင့်မားသော အဆင့်မှ တက်လှမ်းရန် မြှင့်တင်သွားလိုကြောင်း၊ သမ္မတရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး ၄ ရပ်အပေါ် အီရန်နိုင်ငံ၏ တက်ကြွစွာ ထောက်ခံအားပေးမှုအား တရုတ်နိုင်ငံက တန်ဖိုးထားပြီး အီရန်နိုင်ငံအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနှင့်အတူ ပိုမိုတရားမျှတ၍ သမာသမတ်ကျသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ဖွဲ့စည်းတည်ဆောက်မှု မြှင့်တင်ရေးအတွက် အပြုသဘောဆောင်ကြိုးပမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။
အာရက်ဂ်ချီက အီရန်သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားပြီး လာမည့်နှစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၅၅ နှစ်ပြည့်အား အခွင့်အလှမ်းအဖြစ်သတ်မှတ်ကာ နှစ်ဖက် အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံရေးကို နီးကပ်စေရန်၊ ပူးပေါင်းဆောင်ရွက်မှုအလားအလာများ ရှာဖွေရန်၊ အပြန်အလှန် အခိုင်အမာထောက်ခံအားပေးရန် ဆန္ဒရှိကြောင်း၊ အီရန်သည် နိုင်ငံတကာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ သမာသမတ်ကျမှုကို တန်ဖိုးထားပြီး နှစ်ဖက်အနေဖြင့် နီးကပ်သော ညှိနှိုင်းဆောင်ရွက်မှုသော ထိန်းသိမ်းထားရန်၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတူတကွမြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်သည် အီရန်နျူးကလီယားအရေးနှင့် စပ်လျဉ်း၍ အမြင်သဘောချင်းဖလှယ်ခဲ့ကြသည်။ ဝမ်ရိက တရုတ်နိုင်ငံသည် အီရန်နျူကလီယားအရေးတွင် ဓမ္မဓိဋ္ဌာန်ကျ၍ တရားမျှတသော ရပ်တည်ချက်ကို လက်ကိုင်ထားပြီး လက်ရှိတွင် နိုင်ငံရေးအရ အီရန်နျူကလီယားအရေးအား ကိုင်တွယ်ဖြေရှင်းသော လုပ်ငန်းစဉ်သည် ကျဉ်းထဲကျပ်ထဲ ကျရောက်လျက်ရှိရာ နိုင်ငံတကာ အသိုင်းအဝိုင်း ဘုံအကျိုးစီးပွားရေးနှင့် ကိုက်ညီမှုမရှိကြောင်း၊ တရုတ်နိုင်ငံသည် အီရန်၏ မကြာသေးမီက နျူကလီးယားလက်နက်များ တိုးတက်ထုတ်လုပ်ရန် ဆန္ဒမရှိကြောင်း ထပ်မံအတည်ပြုခြင်းကို တန်ဖိုးထားပြီး အီရန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်သည့် အခွင့်အရေးအား ထောက်ခံအားပေးကြောင်း၊ ဘက်အသီးသီးအနေဖြင့် အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုကို ထိန်းသိမ်းထားပြီး အီရန်နျူကလီယားအရေးအား စေ့စပ်ညှိနှိုင်းမှု လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေးကို တွန်းအားဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အာရက်ဂ်ချီက အီရန်နျူကလီယားအရေးတွင် တရုတ်နိုင်ငံ၏ တရားမျှတသော ရပ်တည်ချက်ကို လက်ကိုင်ထားခြင်း၊ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့ပြီး အီရန်အနေဖြင့် တန်းတူညီမျှမှု၊ ဘုံအကျိုးစီးပွားဖော်ဆောင်မှုတို့ကို အရင်းခံ၍ ဘက်အသီးသီးနှင့်အတူ ညှိနှိုင်းဆွေးနွေးဆောင်ရွက်မှုကို အားကောင်းစေလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………….
(Chinese Version)
王毅同伊朗外长阿拉格齐通电话
新华社北京11月5日电 2025年11月5日,中共中央政治局委员、外交部长王毅同伊朗外长阿拉格齐通电话。
王毅表示,中方重视发展中伊关系。今年9月,习近平主席同佩泽希齐扬总统成功会晤,就深化中伊关系达成重要共识,作出战略指引。明年中伊将迎来建交55周年,中方愿同伊方携手努力,将两国元首共识落到实处,共谋国家发展振兴,深化互利合作,推动中伊全面战略伙伴关系向更高水平迈进。中方赞赏伊方积极支持习近平主席提出的四大全球倡议,愿同包括伊朗在内国际社会一道,为推动构建更加公正合理的全球治理体系作出积极努力。
阿拉格齐表示,伊方高度重视发展对华关系,愿以明年两国建交55周年为契机,密切双方高层往来,挖掘合作潜力,坚定相互支持。伊方赞赏中方在国际事务中主持公道,期待双方保持密切协作,共同促进地区和平、稳定与发展。
双方就伊朗核问题深入交换意见。王毅强调,中方在伊朗核问题上始终秉持客观公正立场,当前政治解决伊朗核问题进程陷入僵局,不符合国际社会共同利益。中方赞赏伊方近期重申无意发展核武器,支持伊朗享有和平利用核能的权利,希望各方保持对话沟通,推动伊朗核问题重回对话谈判轨道。阿拉格齐衷心感谢中方在伊朗核问题上坚持公正立场、发挥积极作用,表示伊方愿在平等、双赢基础上同各方加强沟通协调。(完)
图说:2025年7月16日,中共中央政治局委员、外交部长王毅在天津会见伊朗外长阿拉格齐。
