Africa & Middle East
ရာဖာ၌ ကျန်ရှိသောတပ်ဖွဲ့များက လက်နက်ချမည်မဟုတ်ဟု ဟားမက်စ် ပြောကြား၊ အစ္စရေးစစ်သည်ရုပ်အလောင်းအား အစ္စရေး လက်ခံ
ဂါဇာ/ဂျေရုဆလမ်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့၏ အစ္စရေးထိန်းချုပ်သော ဒေသရှိ Al-Qassam တပ်မဟာ၏ တပ်ဖွဲ့ဝင်များက လက်နက်ချမည်မဟုတ်ကြောင်း ပါလက်စတိုင်းအစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့ (ဟားမက်စ်) လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ခွဲဖြစ်သည့် Al-Qassam တပ်မဟာ က နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ Al-Qassam တပ်မဟာမှ အစ္စရေးစစ်သည်ရုပ်အလောင်းတစ်ခုကို လွှဲပြောင်းပေးခဲ့ကြောင်း ယင်းနေ့တွင်ပင် အစ္စရေးက အတည်ပြုခဲ့သည်။
“Al-Qassam တပ်မဟာရဲ့ အဘိဓာန်ထဲမှာ လက်နက်ချတဲ့ သဘောတရားဆိုတာ မရှိဘူး” ဟု Al-Qassam တပ်မဟာက ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။ ရာဖာတွင် Al-Qassam တပ်မဟာတပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားသော ပဋိပက္ခ၏ တာဝန်အလုံးစုံကို အစ္စရေးက တာဝန်ယူသင့်ကြောင်း၊ Al-Qassam တပ်မဟာတပ်ဖွဲ့ဝင်များသည် အစ္စရေးထိန်းချုပ်သောဒေသအတွင်း မိမိကိုယ်ကို ကာကွယ်ခြင်း ဖြစ်ကြောင်း ၎င်းကြေညာချက်တွင် ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေး ကြားဝင်ညှိနှိုင်းပေးသူများက တာဝန်ယူ၍ ဆက်လက်အပစ်ရပ်ရေး သေချာစေရန် ဖြေရှင်းသည့်နည်းလမ်း မဖြစ်မနေ ရှာဖွေကာ အပစ်ရပ်သဘောတူညီချက်အား အစ္စရေးဘက်က အကြောင်းပြဖျက်ဆီးခြင်းကို ကာကွယ်သင့်ကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။
ရာဖာရှိ ဟားမက်စ်၏ လက်ကျန်လက်နက်ကိုင်များအနေဖြင့် အီဂျစ်ထံလက်နက်အပ်နှံပြီး ဖြိုဖျက်နိုင်ရန် ဥမင်လမ်းတည်ရှိရာ နေရာအတိအကျကို ပြောပြရန်၊ အပေးအယူအနေဖြင့် အစ္စရေးက ၎င်းတို့အား လုံခြုံဘေးကင်းစွာ ထွက်ခွာခွင့်ပြုရန် ကြားဝင်ညှိနှိုင်းပေးသူများအနက် တစ်ဦးဖြစ်သည့် အီဂျစ်က အဆိုပြုပြီး ဖြစ်ကြောင်း အီဂျစ်မီဒီယာများ၏သတင်းအရ သိရသည်။
အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် Steve Witkoff က ရာဖာတွင် ဟားမက်စ်၏ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၀၀ ခန့် ကျန်ရှိနေသေးကြောင်း၊ အီဂျစ်ဘက်က အဆိုပြုချက်ကို ဖော်ဆောင်နိုင်ခြင်း ရှိ၊ မရှိက ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးတွင် ဟားမက်စ်လက်နက်ကိုင်များကို ဖယ်ရှားနိုင်ခြင်းရှိ၊ မရှိ၏ စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
ဂါဇာအပစ်ရပ်ရေး ပထမအဆင့်သဘောတူညီချက် အောက်တိုဘာ ၁၀ ရက်တွင် အသက်ဝင်သည့်အချိန်မှစ၍ ရာဖာတွင် အပြန်အလှန်ပစ်ခတ်မှု အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည်။ ယင်းဒေသအခြေစိုက် အစ္စရေးတပ်ဖွဲ့က ရှင်းလင်းရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်ပြီး ကြွင်းကျန်နေသည့် ဟားမက်စ် မြေအောက်ဥမင်လမ်းကွန်ရက်ကို ဖျက်ဆီးရာ၌ ပါလက်စတိုင်းလက်နက်ကိုင်များက မြေအောက်ဥမင်လမ်းများမှ ပေါ်ထွက်လာကာ အစ္စရေးစစ်တပ်ကို ပစ်ခတ်ခဲ့သည်ဟု အကြိမ်ပေါင်းများစွာ ထုတ်ဖော်ပြောကြားခဲ့ပြီး ထိုအကြောင်းပြချက်ဖြင့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ အပစ်ရပ်ရေးသဘောတူညီချက် ချိုးဖောက်မှုကို ဟားမက်စ်ဘက်က ငြင်းဆိုခဲ့သည်။
Al-Qassam တပ်မဟာက “ရှုပ်ထွေး၍ အလွန်တရာခက်ခဲသောအခြေအနေ” တွင် အစ္စရေးအထိန်းသိမ်းခံရသူများ၏ ရုပ်အလောင်းကို ဟားမက်စ်က ဆက်လက်ရှာဖွေလျက်ရှိကြောင်း၊ အပစ်ရပ်ရေးသဘောတူညီချက် အကောင်အထည်ဖော်မှုကို ထပ်မံပြောကြားခဲ့ပြီး ကျန်ရှိနေသော ထိန်းသိမ်းခံထားရသူများ၏ရုပ်အလောင်းကို ရှာဖွေရန် နည်းပညာသမားများနှင့် စက်ပစ္စည်းများ ပိုမိုလိုအပ်ကြောင်းလည်း နိုဝင်ဘာ ၉ ရက် ကြေညာချက်တွင် ပြောကြားခဲ့သည်။
ယင်းနေ့တွင်ပင် Al-Qassam တပ်မဟာက အခြားကြေညာချက်တစ်ခုထုတ်ပြန်ကာ Al-Qassam တပ်မဟာအနေဖြင့် နိုဝင်ဘာ ၈ ရက်က ရာဖာရှိ မြေအောက်ဥမင်လမ်းတစ်ခုတွင် အစ္စရေးစစ်သည် Hadar Goldin ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ယင်းရုပ်အလောင်းကို အစ္စရေးဘက်က ဂါဇာကမ်းမြောင်ဒေသရှိ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ လက်ခံရရှိခဲ့ကြောင်း၊ မှုခင်းဆေးစစ်ချက်များအရ သေဆုံးသူသည် Hadar Goldin ဖြစ်သည်ကို အတည်ပြုခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ဆိုသည်။
Hadar Goldin သည် ၂၀၁၄ ခုနှစ် ဇူလိုင်လ မှ ဩဂုတ်လ အထိ ဖြစ်ပွားသော ဂါဇာပဋိပက္ခကာလအတွင်း ရာဖာ၌ ဟားမက်စ်လက်နက်ကိုင်များ၏ လက်ချက်ဖြင့် သေဆုံးကာ ရုပ်အလောင်း ထိန်းသိမ်းခံထားရခြင်း ဖြစ်ကြောင်း အစ္စရေးစစ်တပ်၏ ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။
ယခုရက်ပိုင်းများတွင် ဟားမက်စ်က အစ္စရေးထံသို့ ထိန်းသိမ်းခံထားရသူများ၏ ရုပ်အလောင်းများကို အကြိမ်ပေါင်းများစွာ လွှဲပြောင်းပေးခဲ့သည်။ လက်ရှိ ဂါဇာကမ်းမြောင်ဒေသတွင် ထိန်းသိမ်းခံရသူ ရုပ်အလောင်း ၄ ခု ရှိနေသေးကြောင်း The Times of Israel သတင်းအရ သိရသည်။
ထို့အပြင် အစ္စရေးဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Shosh Bedrosian က အဆိုပြုဆွေးနွေးလျက်ရှိသည့် “နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့” တွင် တူကီယဲပါဝင်မှုကို အစ္စရေးအနေဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် ယင်းယာယီဖွဲ့စည်းမည့် နိုင်ငံစုံတပ်ဖွဲ့တွင် တူကီယဲပါဝင်မည်ဖြစ်ကြောင်း တူကီယဲနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Thomas Barrack က ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)

ဂါဇာစီးတီး၌ အစ္စရေးလေကြောင်းခိုက်ခံရသည့် နေရာတစ်ခုရှိ အပျက်အစီးများနံဘေးတွင် ပါလက်စတိုင်းကလေးငယ်များအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသရှိ Al-Shati ဒုက္ခသည်စခန်းတွင် ရေယူရန်တန်းစီစောင့်ဆိုင်းနေသည့် ပါလက်စတိုင်းသားများအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
哈马斯说拉法余部不会投降 以色列接收以军士兵遗体
新华社加沙/耶路撒冷11月9日电(记者黄泽民 路一凡)巴勒斯坦伊斯兰抵抗运动(哈马斯)下属武装派别卡桑旅9日说,身处加沙地带南部拉法市以色列控制区的卡桑旅成员不会投降。以色列当天确认,卡桑旅移交一具以军士兵遗体。
卡桑旅发表声明说,“卡桑旅的词典里没有投降这个概念”,以色列应为在拉法与卡桑旅成员发生冲突承担全部责任,卡桑旅成员是在以方控制区内进行自卫。
声明说,加沙地带停火谈判斡旋方应担起责任,必须找到解决方案确保停火持续,防止以方找借口破坏停火协议。
据埃及媒体报道,作为斡旋方之一的埃及已经提议,哈马斯在拉法的剩余武装人员向埃方缴械、告知地道具体位置以便拆毁,作为交换,以色列允许他们安全离开。美国中东问题特使威特科夫6日称,哈马斯在拉法还有大约200名武装人员,埃方提议能否实现,是对能否在整个加沙地带解除哈马斯武装的一次测试。
加沙停火第一阶段协议10月10日生效以来,拉法多次发生交火。驻扎在当地的以军部队持续展开清理行动,拆毁残余的哈马斯地道网络,并多次指认巴方武装人员从地道中现身向以军开火,并以此为由发动炮击和空袭。哈马斯则否认违反停火协议。
卡桑旅9日在声明中还说,哈马斯继续在“复杂和极度困难的条件”下寻找以色列被扣押人员遗体,重申履行停火协议,强调搜寻剩余被扣押人员遗体需要更多技术人员和设备。
卡桑旅当天在另一份声明中说,卡桑旅8日在拉法一条地道中发现以军士兵哈达尔·戈尔丁的遗体。以色列总理府说,以方9日在加沙地带从红十字国际委员会处接收这具遗体,经法医鉴定,确认死者是戈尔丁。以色列军方发布的消息显示,戈尔丁是2014年7月至8月加沙冲突期间在拉法被哈马斯武装人员打死、遗体被扣。
哈马斯近日多次向以方移交被扣押人员遗体。据《以色列时报》报道,目前加沙地带还有4具被扣押人员遗体。
另外,以总理办公室发言人绍什·贝德罗西安9日表示,以方不会允许土耳其加入拟议中的加沙地带“国际稳定部队”。而美国驻土耳其大使托马斯·巴拉克本月早些时候说,土耳其将参与这支拟临时部署的多国部队。(完)
1. 10月29日,巴勒斯坦人在加沙城查看遭以色列军队空袭后的废墟。新华社发(里泽克·阿卜杜勒贾瓦德摄)
2. 这是10月29日在加沙城一处遭以色列军队空袭后的废墟旁拍摄的巴勒斯坦儿童。新华社发(里泽克·阿卜杜勒贾瓦德摄)
3. 10月28日,在加沙地带的沙提难民营,巴勒斯坦人排队等候取水。新华社发(里泽克·阿卜杜勒贾瓦德摄)
