China
ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွက် သက်ဆိုင်ရာအစီအစဉ်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မိတ်ဆက်ပြောကြား
ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်သည် ဒီဇင်ဘာ ၃ ရက်မှ ၅ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်မည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဒီဇင်ဘာ ၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာ အစီအစဉ်များနှင့် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်များကို မိတ်ဆက်ပြောကြားခဲ့သည်။
လျင်ကျန့်က ယခုခရီးစဉ်သည် သမ္မတ မက်ခရွန်၏ တရုတ်နိုင်ငံသို့ စတုတ္ထအကြိမ်မြောက် နိုင်ငံတော်ခရီးစဉ်လာရောက်ခြင်းဖြစ်သလို လွန်ခဲ့သည့်နှစ် တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခါသမယတွင် သမ္မတ ရှီကျင့်ဖိန်၏ ပြင်သစ်နိုင်ငံသို့ သမိုင်းဝင် နိုင်ငံတော်ခရီးစဉ်သွားရောက်ခဲ့ခြင်းအပေါ် အပြန်အလှန်အားဖြင့် လာရောက်လည်ပတ်ခြင်းလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ခရီးစဉ်ကာလအတွင်း သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ မက်ခရွန်နှင့်အတူ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ အခြေအနေသစ်အောက်ရှိ တရုတ်-ပြင်သစ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ ဦးဆောင်လမ်းညွှန်ပြီး အရေးကြီးသော နိုင်ငံတကာနှင့် ဒေသတွင်း အများအာရုံစိုက်ကြသည့် ကိစ္စရပ်များအပေါ် နက်ရှိုင်းသောအမြင်များကို ဖလှယ်မည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ် လီချန်နှင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့သည်လည်း သမ္မတ မက်ခရွန်နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံအမတ်ကြီးအဆင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ပထမဆုံးသော အနောက်နိုင်ငံကြီးဖြစ်ကြောင်း၊ တရုတ်-ပြင်သစ် ဆက်ဆံရေးတွင် အဖိုးတန်သော သမိုင်းကြောင်း၊ သူမတူသော တန်ဖိုးနှင့် အရေးကြီးသော သမိုင်းပေးတာဝန်များ ရှိကြကြောင်း၊ မကြာသေးမီနှစ်များတွင် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်တွင် နှစ်နိုင်ငံ အလွှာ၊ ကဏ္ဍအသီးသီး ကူးလူးဆက်ဆံမှု နီးကပ်၍ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ရလဒ်များ ကြွယ်ဝကာ နိုင်ငံစုံ အရေးကိစ္စများတွင် ညှိနှိုင်းဆောင်ရွက်မှု အားကောင်းကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
“လက်ရှိ နိုင်ငံတကာ အခြေအနေသည် မတည်မငြိမ် ရှုပ်ထွေးနေပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ပြင်သစ်နိုင်ငံနဲ့အတူ ဒီခရီးစဉ်ကို အခွင့်အလမ်းအဖြစ် သတ်မှတ်ပြီး တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း စိတ်ဓာတ်ကို မြှင့်တင်ကာ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှု အားဖြည့်ဖို့၊ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နက်ရှိုင်းစေကာ နိုင်ငံစုံ ညှိနှိုင်းဆောင်ရွက်မှု နီးကပ်စွာ လုပ်ဆောင်ဖို့၊ တရုတ်-ပြင်သစ် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးမှာ တိုးတက်မှုအသစ်တွေရရှိအောင် မြှင့်တင်ဆောင်ရွက်ဖို့၊ တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်ဝပြောရေးကို ထိန်းသိမ်းရာမှာ ပိုမိုကြီးမားတဲ့ အကျိုးကို ဆောင်ကြဉ်းဖို့ ဆန္ဒရှိပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
……………….
(Chinese Version)
外交部介绍法国总统马克龙访华有关安排
新华社北京12月1日电(记者许可、董雪)应国家主席习近平邀请,法国总统马克龙将于12月3日至5日对中国进行国事访问。外交部发言人林剑1日在例行记者会上介绍有关安排和中方期待。
林剑表示,这是马克龙总统第四次对中国进行国事访问,也是对习近平主席在去年中法建交60周年之际对法国进行历史性国事访问的回访。访问期间,习近平主席将同马克龙总统举行会谈,共同引领新形势下中法关系发展,并就重大国际和地区热点问题深入交换意见。李强总理、赵乐际委员长将分别同马克龙总统会见。
林剑说,法国是首个同新中国建立大使级外交关系的西方大国。中法关系有着珍贵历史、独特价值和重要使命。近年来,在两国元首战略引领下,两国各层级交往密切,务实合作成果丰硕,多边事务协调有力。
“当前国际形势变乱交织。中方愿同法方一道,以此访为契机,弘扬中法建交精神,加强战略沟通,深化务实合作,密切多边协调,推动中法全面战略伙伴关系取得新进展,为促进中欧关系健康稳定发展、维护多边主义和世界和平稳定繁荣作出更大贡献。”林剑说。(完)
图说:当地时间5月6日下午,国家主席习近平在巴黎爱丽舍宫同法国总统马克龙举行会谈。 新华社记者 殷博古 摄
