Connect with us

Europe

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ယူအေအီး၊ ဆော်ဒီအာရေဗျနှင့် ဂျော်ဒန်နိုင်ငံတို့သို့ ခရီးစဉ်သွားရောက်မည်

တရုတ်နိုင်ငံ အ‌ရှေ့ပိုင်း ကျန်းဆူးပြည်နယ် ဝူရှီးမြို့၌ ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်ဘင်ဖာဟန်အယ်လ်ဆော့ဒ်နှင့် တွေ့ဆုံဆွေးနွေးနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီးနိုင်ငံ)၊ ဆော်ဒီအာရေဗျနိုင်ငံနှင့် ဂျော်ဒန်နိုင်ငံတို့သို့ ဒီဇင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁၁ ရက်၌ ပြောကြားခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဝမ်သည် ယူအေအီးနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ရှိတ် အဗ္ဗဒူလာဘင် ဇာယိတ် အယ်လ်နာယန်၊ ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ် ဘင် ဖာဟန် အယ်လ်ဆော့ဒ်၊ ဂျော်ဒန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးရာနှင့် ပြည်ပရောက်နိုင်ငံသားများရေးရာဝန်ကြီးဖြစ်သူ အိုင်မန် ဆာဖာဒီတို့၏ ဖိတ်ကြားချက်အရ ခရီးစဉ်သွားရောက်မည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Chinese FM to visit UAE, Saudi Arabia, Jordan
BEIJING, Dec. 11 (Xinhua) — Chinese Foreign Minister Wang Yi will visit the United Arab Emirates (UAE), Saudi Arabia and Jordan from Dec. 12 to 16, a Chinese foreign ministry spokesperson said on Thursday.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, will pay the visit at the invitation of Deputy Prime Minister and Minister of Foreign Affairs of the UAE Sheikh Abdullah bin Zayed Al Nahyan, Foreign Minister of Saudi Arabia Faisal bin Farhan Al Saud, and Deputy Prime Minister and Minister of Foreign Affairs and Expatriates of Jordan Ayman Safadi, the spokesperson said. ■
English Caption
Chinese State Councilor and Foreign Minister Wang Yi holds talks with Saudi Foreign Minister Prince Faisal bin Farhan Al Saud in Wuxi, east China’s Jiangsu Province, Jan. 10, 2022. (Xinhua/Ji Chunpeng)