Connect with us

Politics, Law & Military

ဂျပန်စစ်ဝါဒသည် တစ်ကမ္ဘာလုံးပြည်သူများ၏ ဘုံရန်သူဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နန်ကျင်းမြို့၌ ကျင်းပသည့် နန်ကျင်းလူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွင် သေဆုံးသွားသူများအတွက် ၁၂ ကြိမ်မြောက် နိုင်ငံတော် အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဂျပန်စစ်ဝါဒသည် တစ်ကမ္ဘာလုံးပြည်သူများ၏ ဘုံရန်သူဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသည့် နိုင်ငံနှင့် လူပုဂ္ဂိုလ်အားလုံးနှင့်အတူ ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်းရလဒ်နှင့် စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်အား ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ဂျပန်အနေဖြင့် သမိုင်းကို လေးလေးနက်နက် ပြန်လည်ဆင်ခြင်သုံးသပ်ပြီး လက်တွေ့သင်ခန်းစာယူကာ စစ်ဝါဒနှင့် လုံးဝဥဿုံဖြတ်တောက်၍ လက်တွေ့ကျသောလှုပ်ရှားမှုဖြင့် ကျန်ရှိသောအကျိုးသက်ရောက်မှုများကို ဖယ်ရှားရန် မိမိတို့တိုက်တွန်းကြောင်း ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။နန်ကျင်းလူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် သေဆုံးသွားသူများအတွက် ၁၂ ကြိမ်မြောက် နိုင်ငံတော် အောက်မေ့ဖွယ် အထိမ်းအမှတ်နေ့ နီးကပ်လာပြီဖြစ်ကြောင်း၊ တရုတ်ခုခံစစ်အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခါသမယတွင် အထူးသဖြင့် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်စပ်လျဉ်းသော ပြောဆိုချက်ကြောင့် တရုတ်-ဂျပန်ဆက်ဆံရေး တင်းမာနေသည့် နောက်ခံအခြေအနေတွင် တရုတ်ဘက်က အထိမ်းအမှတ်အခမ်းအနားအား မည်ကဲ့သို့ ကျင်းပသွားမည်နည်းဟု သတင်းထောက်က ထိုနေ့သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။

“ဒီနှစ်က ဝမ်းနည်းကြေကွဲဖွယ် နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်ပွားတဲ့ ၈၈ နှစ်ပြည့်ဖြစ်ပါတယ်။ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်ရဲ့ ဥပဒေပြုမှု ဆုံးဖြတ်ချက်နဲ့အညီ တရုတ်နိုင်ငံက နန်ကျင်းလူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွင် သေဆုံးသွားသူများအတွက် နိုင်ငံတော် အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို အစဉ်အလာအတိုင်း ကျင်းပသွားသွားမှာဖြစ်တယ်” ဟု ကောကျားခွန်းက ဆိုသည်။

နန်ကျင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုသည် ဂျပန်စစ်ဝါဒက ကျူးလွန်ခဲ့သည့် ရက်စက်သောပြစ်မှုဖြစ်ကာ သက်သေက သံမဏိပမာခိုင်မြဲကြောင်း၊ တရုတ်ပြည်သူပေါင်း ၃၀၀,၀၀၀ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရကာ လူသားမျိုးနွယ်သမိုင်းတွင် အမှောင်မိုက်ဆုံး စာမျက်နှာဖြစ်ခဲ့ကြောင်း၊ ဂျပန်စစ်ဝါဒက “သေရေးရှင်ရေး အကျပ်အတည်းအခြေအနေ” ဟူသော အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံနှင့် အခြားသော အာရှတိုက်နိုင်ငံများအပေါ် ကျူးကျော်စစ်ဆင်နွှဲကာ လူသားမျိုးနွယ်နှင့်ဆန့်ကျင်သည့် ပြစ်မှုများ ကျူးလွန်ထားသည်မှာ ဖော်ပြ၍မကုန်ဆုံးနိုင်ကြောင်း၊ လူသားယဉ်ကျေးမှုသမိုင်းတွင် အရှက်ရမှုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ကိုင်ရို ကြေညာချက်” ၊ “ပေါ့စ်ဒမ် ကြေညာချက်” စသည့် နိုင်ငံတကာဥပဒေ စာရွက်စာတမ်းများက ကျူးကျော်မှုကို ဆန့်ကျင်ခြင်း၊ စစ်ရာဇဝတ်သားများကို ဒဏ်ခတ်အရေးယူခြင်း၊ စစ်ဝါဒအား အမြစ်ဖြတ်ဖယ်ရှားခြင်း စသည်တို့အတွက် အတိအလင်း သတ်မှတ်ချက်များ လုပ်ဆောင်ထားကြောင်း၊ မဟာမိတ်နိုင်ငံကလည်း အရှေ့ဖျား နိုင်ငံတကာစစ်ရေးခုံရုံးဖြင့် ဂျပန်စစ်ရာဇဝတ်သားများကို စီရင်ခဲ့ကြောင်း ကောကျားခွန်းက ဆိုသည်။

သို့သော် ဂျပန်နိုင်ငံအစိုးရက လက်ယာယိမ်းအင်အားစုများ၏ ပြောင်းပြန် လုပ်ဆောင်မှုများကို ကာလကြာရှည်စွာ ခွင့်ပြုထားကြောင်း၊ ဝန်ကြီးချုပ်အဆက်ဆက်နှင့် အခြားနိုင်ငံရေး အဓိကပုဂ္ဂိုလ်များကလည်း A အဆင့် စစ်ရာဇဝတ်သားများအား ဂုဏ်ပြုထားသော ယာဆူကူနီဂူဗိမာန်အား တစ်ဇွတ်ထိုး သွားရောက် ဂါရဝပြုခဲ့ကြကြောင်း၊ အချို့သော နိုင်ငံရေးပုဂ္ဂိုလ်များက ဂျပန်နိုင်ငံ၏ ကိုလိုနီနယ်ချဲ့ကျူးကျော်မှုအပေါ် ဆင်ခြင်သုံးသပ်မှု၊ တောင်းပန်မှု ဖော်ပြသည့် မူရာယာမ ပြောကြားချက် (Murayama Statement) ကို ပေါ်ပေါ်တင်တင် သံသယဝင်မှုဖော်ပြကြကြောင်း၊ ဂျပန်ဘက်က ကျောင်းဖတ်စာအုပ်ပါ အကြောင်းအရာကို အကြိမ်များစွာပြင်ဆင်၍ ကျူးကျော်ခဲ့သည့်ပြစ်မှုကို တန်ဆာဆင်ရန် ကြိုးပမ်းပြီး ကျူးကျော်မှုသမိုင်းကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းခဲ့ကြောင်း၊ အထက်ပါ ဆိုးရွားသည့် လုပ်ဆောင်ချက်များသည် စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို စိန်ခေါ်နေခြင်း၊ လူသားမျိုးနွယ် အသိစိတ်အား နင်းချေခြင်းဖြစ်ရာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယင်းအပေါ် ပြင်းပြင်းထန်ထန် မကျေနပ်မှုနှင့် များစွာသတိထားမှုရှိကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ယခုနှစ်က တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်ဖြစ်သလို ထိုင်ဝမ်ဒေသကို ပြန်လည်ရရှိတဲ့ နှစ် ၈၀ ပြည့်လည်း ဟုတ်ပါတယ်” ဟု ကောကျားခွန်းက ဆိုသည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ က တရုတ်ပြည်သူတွေ သွေးချွေးနဲ့ရင်းပြီး တိုက်ပွဲဝင်ကာ ဂျပန်နယ်ချဲ့ဝါဒကို အလဲထိုးအနိုင်ယူ၍ ဂျပန်ကျူးကျော်သူတွေလက်ထဲက ထိုင်ဝမ် စတဲ့ ခိုးယူခံထားတဲ့ ပိုင်နက်နယ်မြေကို ပြန်လည်သိမ်းယူခဲ့ပြီး နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ၊ နယ်မြေပိုက်နက်တည်တံ့မှုနဲ့ နိုင်ငံတကာ တရားမျှတမှုနဲ့ သမာသမတ်ကျမှုကို ကာကွယ်နိုင်ခဲ့ပါတယ်။ နှစ် ၈၀ အကြာမှာ တရုတ် အမျိုးသားတို့၏ မဟာပြန်လည် အားသစ်လောင်းရေး အရှိန်အဟုန်ကို တားဆီးလို့ မရတော့ပါဘူး။ ကျွန်တော်တို့က ဂျပန်လက်ယာယိမ်းအင်အားစုတွေ သမိုင်းပြောင်းပြန်လှန်မှုကို လုံးဝခွင့်ပြုမှာ မဟုတ်ပါဘူး။ ပြည်ပအင်အားစုက တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသကို ထိပါးတာ လုံးဝခွင့်ပြုမှာ မဟုတ်ပါဘူး။ ဂျပန်စစ်ဝါဒ ပြန်လည်နိုးထလာတာကို လုံးဝခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ဂျပန်စစ်ဝါဒသည် တစ်ကမ္ဘာလုံးပြည်သူများ၏ ဘုံရန်သူဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသည့် နိုင်ငံနှင့် လူပုဂ္ဂိုလ်အားလုံးနှင့်အတူ ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်းရလဒ်နှင့် စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်အား ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ဂျပန်က သမိုင်းကို လေးလေးနက်နက် ပြန်လည်ဆင်ခြင်သုံးသပ်ပြီး လက်တွေ့သင်ခန်းစာယူကာ စစ်ဝါဒနှင့် လုံးဝဥဿုံဖြတ်တောက်၍ လက်တွေ့လှုပ်ရှားမှုဖြင့် ကျန်ရှိသောအကျိုးသက်ရောက်မှုများကို ဖယ်ရှားရန် မိမိတို့တိုက်တွန်းကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

#China #JapanMilitarism #CommonFoe #တရုတ် #ဂျပန်စစ်ဝါဒ #ဘုံရန်သူ
————————————————————————————–
(Chinese Version)
外交部:日本军国主义是全世界人民的公敌
新华社北京12月12日电(记者曹嘉玥、邵艺博)外交部发言人郭嘉昆12日表示,日本军国主义是全世界人民的公敌。中方将同所有爱好和平的国家和人士共同维护二战胜利成果和战后国际秩序。我们敦促日方深刻反省历史,切实汲取教训,同军国主义彻底切割,以实际行动消除遗毒。
当日例行记者会上,有记者问:第十二个南京大屠杀死难者国家公祭日临近,在中国抗战胜利80周年之际,特别是在日本首相高市早苗有关涉台言论导致中日关系紧张的背景下,中方将如何开展纪念活动?
“今年是南京大屠杀惨案发生88周年。中方依据全国人大立法决定,将按惯例举行南京大屠杀死难者国家公祭仪式。”郭嘉昆说,南京大屠杀是日本军国主义犯下的残暴罪行,铁证如山。30万中国人惨遭屠杀,成为人类历史上最黑暗的一页。日本军国主义以所谓“存亡危机事态”为由,对中国和其他亚洲国家发动侵略战争,犯下的反人类罪行罄竹难书,是人类文明史上的耻辱。
郭嘉昆表示,《开罗宣言》《波茨坦公告》等国际法文件就反对侵略、惩治战犯、根除军国主义等作出明确规定。同盟国还设立远东国际军事法庭审判日本战犯。然而日本政府长期纵容右翼分子倒行逆施,多任首相及其他政要执意参拜供奉着甲级战犯的靖国神社,一些政客公然质疑对日本殖民侵略表示反省、道歉的“村山谈话”。日方还多次修改教科书,企图美化侵略罪行,为侵略历史翻案。上述恶劣行径公然挑战战后国际秩序、践踏人类良知,国际社会对此强烈愤慨、高度警惕。
“今年是中国人民抗日战争暨世界反法西斯战争胜利80周年,也是台湾光复80周年。”郭嘉昆说,“80年前,中国人民浴血奋战,打败日本帝国主义,从日本侵略者手中收回台湾等被窃取的领土,捍卫国家山河无恙和国际公理正义。80年后,中华民族伟大复兴势不可挡,我们绝不允许日本右翼势力开历史倒车,绝不允许外部势力染指中国台湾地区,绝不允许日本军国主义死灰复燃。”
郭嘉昆说,日本军国主义是全世界人民的公敌。中方将同所有爱好和平的国家和人士共同维护二战胜利成果和战后国际秩序。我们敦促日方深刻反省历史,切实汲取教训,同军国主义彻底切割,以实际行动消除遗毒。(完)
图说:这是12月13日拍摄的南京大屠杀死难者国家公祭仪式现场。新华社记者 季春鹏 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.