Asia
ဂျပန် အတိုက်အခံပါတီ အဆင့်မြင့်အရာရှိများက အာဏာရပါတီ၏ လက်နက်တင်ပို့မှုအတွက် “ဖြေလျှော့” မှုများကို ပြစ်တင်ရှုတ်ချ
တိုကျို၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အာဏာရညွန့်ပေါင်းအစိုးရ ဖြစ်သော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နှင့် ဂျပန်ဆန်းသစ်တီထွင်ရေးပါတီ (JIP) တို့၏ လက်နက်တင်ပို့မှုအမျိုးအစား ၅ မျိုးအပေါ် ကန့်သတ်ချက်များ ဖယ်ရှားနိုင်ခြင်း၊ လက်နက်တင်ပို့မှုအတွက် သိသိသာသာ “ဖြေလျှော့” ပေးသော လုပ်ရပ်များကို အတိုက်အခံပါတီ အဆင့်မြင့်အရာရှိအများအပြားက ဒီဇင်ဘာ ၂၁ ရက် NHK ရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင် စုစည်း ရှုတ်ချခဲ့ကြပြီး ယင်းလုပ်ရပ်များသည် ဂျပန်နိုင်ငံအား အန္တရာယ်များသောလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးမည်ဟု ယူဆခဲ့ကြသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရက်တစ်ပါတီ၏ အမြဲတမ်းအကြံပေးပုဂ္ဂိုလ် Katsuya Okada က လက်နက်တင်ပို့မှုအမျိုးအစား ၅ မျိုးအပေါ် ကန့်သတ်ချက်များဖယ်ရှားခြင်းသည် သေစေနိုင်သောလက်နက်များတင်ပို့မှုကို ခွင့်ပြုခြင်းဖြစ်ပြီး ယင်းသည် ဂျပန်နိုင်ငံ၏ ရေရှည်တည်ရှိလာသော အခြေခံမူများကို ပြောင်းလဲစေမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဂျပန်နိုင်ငံ ကာကွယ်ရေးဘတ်ဂျက် အစဉ်အဆက်တိုးလာခဲ့ရာ စစ်ဘက် စက်မှုလုပ်ငန်း စုပေါင်းအုပ်စုတစ်ခု ဖြစ်လာစေမည့် အန္တရာယ်များ မြင့်တက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဂျပန် ကွန်မြူနစ်ပါတီ မူဝါဒ အကြီးအကဲ Taku Yamazoe က ဆာနာအဲ တာကာအိချိအစိုးရသည် စစ်ရေးကို စီးပွားရေးထောက်တိုင်အဖြစ် သတ်မှတ်ခြင်း၊ လက်နက်တင်ပို့မှု တားမြစ်ချက်ကို ဘက်စုံရုပ်သိမ်းရန် ကြိုးပမ်းခြင်းသည် ဂျပန်အား စစ်ရေးနိုင်ငံ၊ “သေဆုံးသည့်ကုန်သည်” အဖြစ်သို့ ဆုတ်ယုတ်လာစေသော လမ်းကြောင်းကို လျှောက်လှမ်းရန် ကြေညာလိုက်ခြင်းနှင့် တူညီကြောင်း ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် လက်နက်ထောက်ပံ့ရေးအရင်းအမြစ်တစ်ခု ဖြစ်လာ၍မရသလို လက်နက်ရောင်းဝယ်မှုဖြင့် အမြတ်အစွန်းရရှိရန် ပို၍ပင် လုပ်၍မရကြောင်း၊ “ငြိမ်းချမ်းသောနိုင်ငံ” အနေဖြင့် ၎င်း၏ မူလရည်ရွယ်ချက်သို့ ပြန်လည်ရောက်ရှိသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုလ ၁၅ ရက်တွင် ဂျပန် LDP ၊ JIP အာဏာရညွန့်ပေါင်းအစိုးရတို့သည် “ကာကွယ်ရေးပစ္စည်း လွှဲပြောင်းမှု အခြေခံမူသုံးရပ်” အသုံးပြုမှုဆိုင်ရာ လမ်းညွှန်ချက်များကို ပြင်ဆင်ရန်နှင့် လက်နက်တင်ပို့မှုအမျိုးအစား ၅ မျိုးအပေါ် ကန့်သတ်ချက်များကို ဖယ်ရှားရန်အပေါ် သဘောတူညီမှု ရရှိခဲ့ပြီး လာမည့်နှစ် ဖေဖော်ဝါရီလတွင် အစိုးရအဖွဲ့ထံ သက်ဆိုင်ရာအဆိုပြုချက်ကို တင်သွင်းရန် အတည်ပြုခဲ့သည်။ အထက်ဖော်ပြပါ အမျိုးအစား ၅ မျိုးအပေါ် ကန့်သတ်ချက်များကို ဖျက်သိမ်းလိုက်ပါက ဂျပန်နိုင်ငံ၏ လက်နက်တင်ပို့မှုအတိုင်းအတာသည် အမှန်စင်စစ်တွင် အပြည့်အဝ တံခါးဖွင့်မှု ရရှိခဲ့ပြီး သေစေနိုင်သောပစ္စည်းများလည်း ယင်းတွင် ပါဝင်နိုင်ကြောင်း Nikkei သတင်းစာက ထောက်ပြခဲ့သည်။ ဤလုပ်ဆောင်ချက်သည် ဂျပန်နိုင်ငံအတွင်း ပြင်းထန်သော စိုးရိမ်မှုများနှင့် ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ (Xinhua)
……………………
(Chinese Version)
日本在野党高层集体谴责执政党为武器出口“松绑”
新华社东京12月21日电(记者李子越 陈泽安)日本多名在野党高层21日在日本广播协会的一档电视节目中集体谴责执政联盟自民党与日本维新会拟取消对武器出口的5种类型限制、为武器出口大幅“松绑”的做法,认为此举将使日本走上危险道路。
日本前外务大臣、立宪民主党常任顾问冈田克也表示,取消对武器出口的5种类型限制意味着允许具有杀伤能力的武器出口,这将改变日本长期以来的原则。当前日本防卫预算持续增加,形成军工复合体的风险正在上升。
日本共产党政策委员长山添拓表示,高市早苗政府将军事作为经济支柱,谋求全面解禁武器出口,无异于宣告日本走向军事国家、堕落为“死亡商人”。日本不能成为武器供给源,更不能以武器交易牟利,应当回归作为“和平国家”的原点。
本月15日,日本自、维执政联盟召开会议,就修改“防卫装备转移三原则”运用指南、取消对武器出口的5种类型限制达成一致,并确认将于明年2月向内阁提交相关动议。《日本经济新闻》指出,一旦废除上述5种类型限制,日本武器出口范围将事实上实现全面放开,杀伤性装备也可能被纳入其中。该动向在日本国内引发强烈担忧和批评。(完)
图说:这是2024年3月20日在日本神奈川县横须贺市拍摄的停泊在横须贺基地的日本海上自卫队护卫舰。新华社记者张笑宇摄
