Connect with us

North America

အမေရိကန် ဗဟိုဘဏ်အရာရှိများက ငွေကြေးမူဝါဒ ဦးတည်ချက်အပေါ် သဘောထားကွဲလွဲမှုများ သိသိသာသာရှိနေ

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် သတင်းစာရှင်းလင်းပွဲတက်ရောက်နေသော အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powell အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန် ဗဟိုဘဏ် ဖက်ဒရယ် ပွင့်လင်းဈေးကွက်ကော်မတီ (FOMC) အဖွဲ့ဝင် အားလုံးနီးပါးက ယခုအကြိမ်အစည်းအဝေးတွင် အခြေခံအတိုးနှုန်းကို မပြောင်းလဲဘဲ ထိန်းထားရန် ထောက်ခံကြသော်လည်း ကော်မတီအတွင်း၌ ငွေကြေးမူဝါဒ အနာဂတ်ဦးတည်ချက်နှင့်ပတ်သက်၍ သိသိသာသာ ကွဲလွဲမှုများ ရှိနေကြောင်း အမေရိကန်ဗဟိုဘဏ်ဘုတ်အဖွဲ့ (FRB) က ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သည့် ဇန်နဝါရီလ ငွေကြေးမူဝါဒအစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။

ဇန်နဝါရီ ၂၈ ရက်တွင် ပြီးဆုံးသည့် အမေရိကန်ဗဟိုဘဏ် ငွေကြေးမူဝါဒ အစည်းအဝေးတွင် FOMC အဖွဲ့ဝင် ၁၀ ဦးက အတိုးနှုန်းထားမပြောင်းလဲရန် ထောက်ခံခဲ့ပြီး အဖွဲ့ဝင် ၂ ဦးက အတိုးနှုန်းကို ၂၅ အခြေခံပွိုင့် (BPS) လျှော့ချရန် အဆိုပြုခဲ့ကြသည်။

အကယ်၍ ငွေကြေးဖောင်းပွမှုသည် မျှော်မှန်းထားသကဲ့သို့ ပြန်လည်လျော့ကျလာမည်ဆိုလျှင် အတိုးနှုန်း ထပ်မံလျှော့ချခြင်းက သင့်တော်သည်ဟု အစည်းအဝေးတက်ရောက်သည့် အရာရှိတချို့က ယူဆကြကြောင်း အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။
အစည်းအဝေးတက်ရောက်သည့် အရာရှိ အချို့ကမူ FOMC ၏ နောက်ဆုံးရအချက်အလက်များအပေါ် ဆန်းစစ်သုံးသပ်မှုအရ အချိန်အတိုင်းအတာတစ်ခုအတွင်း အတိုးနှုန်းမပြောင်းလဲဘဲ ထိန်းထားခြင်းက သင့်လျော်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အစည်းအဝေးတက်ရောက်သည့် အရာရှိအချို့က ငွေကြေးဖောင်းပွမှုက ရည်မှန်းချက်အဆင့်ထက် မြင့်မားနေဆဲဖြစ်ပါက အတိုးနှုန်း မြှင့်တင်နိုင်သည်ကို ထင်ဟပ်ဖော်ပြရန်အတွက် အတိုးနှုန်း ရှေ့လုပ်ငန်းစဉ်လမ်းညွှန်ချက်တွင်း “နှစ်ဘက်” အနေဖြင့် ဟူသော ဖော်ပြချက်ကို သုံးနှုန်းရန် ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ငွေကြေးဖောင်းပွမှုသည် ၂ ရာခိုင်နှုန်းရည်မှန်းချက်သို့ ပြန်လည်ကျဆင်းသည့် ဖြစ်စဉ်မှာ အများခန့်မှန်းထားသည်ထက် ပို၍ နှေးကွေးပြီး ပို၍ ဟန်ချက်မညီမှု ဖြစ်နိုင်ကြောင်း အစည်းအဝေးတက်ရောက်သူ အများစုက သတိပေးခဲ့သည်။ အမေရိကန် ဗဟိုဘဏ်၏ နောက်ထပ်တစ်ကြိမ် ငွေကြေးမူဝါဒဆိုင်ရာ အစည်းအဝေးကို မတ် ၁၇ ရက်မှ ၁၈ ရက် အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————
(Chinese Version)
美联储官员对货币政策走向分歧明显
新华社纽约2月18日电(记者刘亚南)美国联邦储备委员会18日公布的1月货币政策会议纪要显示,尽管几乎所有美联储联邦公开市场委员会成员都在此次会议上支持维持基准利率不变,但委员会内部对货币政策未来走向分歧明显。
在1月28日结束的美联储货币政策会议上,10名联邦公开市场委员会成员支持维持利率不变,2名成员主张降息25个基点。
会议纪要显示,几名与会官员认为,如果通胀如预期回落,进一步降息是合适的。一些与会官员则表示,随着联邦公开市场委员会对最新数据展开评估,在一段时间内维持利率不变是合适的。此外,几名与会官员表示,支持在利率前瞻指引中使用“双向”描述,以反映若通胀仍高于目标水平,利率可能上调。
大多数与会官员警告,通胀回落至2%目标的进程可能比普遍预期的“更慢、更不均衡”。美联储下次货币政策会议将于3月17日至18日举行。(完)
1. U.S. Federal Reserve Chair Jerome Powell attends a press conference in Washington, D.C., the United States, Jan. 28, 2026. (Photo by Li Yuanqing/Xinhua)