Connect with us

Videos

အင်ဒိုနီးရှားနိုင်ငံတွင် ဆူနာမီလှိုင်းရိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ တိုးမြင့်လျက်ရှိ

ဂျာကာတာ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဆွန်ဒါရေလက်ကြားရှိ ကမ်းရိုးတန်းဧရိယာတွင် ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက Krakatau Child မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီလှိုင်းဖြစ်ပေါ်လာခဲ့ပြီးနောက် ဒီဇင်ဘာ ၂၄ ရက်အထိရရှိထားသည့်စာရင်းများအရ သေဆုံးသူအရေအတွက်မှာ၂၈၁ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံအမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီကပြောကြားခဲ့သည်။ Karkatau Child မီးတောင်လှုပ်ခတ်မှုကြောင့် ပင်လယ်ကြမ်းပြင်၌ မြေပြိုမှုများ ဖြစ်စေကာ ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်လာစေကြောင်း နှင့် လပြည့်နေ့ဖြစ်နေခြင်းကြောင့် ဒီဇင်ဘာ ၂၂ရက် ၂၁း၂၇နာရီတွင် ဆူနာမီရေလှိုင်းများမှာ အင်အားပိုမိုပြင်းထန်လာခဲ့ကြောင်း အေဂျင်စီက ဆိုသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.