Connect with us

China

နက်ရှိုင်းသော ဝူးမုန်တောင်တန်းက “ပန်းစောင့်ရှောက်သူများ”

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ပိကျယ်မြို့ ပိုင်လီ တောင်ဇလပ်ပင်စီမံခန့်ခွဲရေးဇုန်ရှိ ဖူသီရှုခင်းသာဧရိယာတွင် ခရီးသွားဧည့်သည်များနှင့် ပြည့်နှက်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပိကျယ် (ကွေ့ကျိုး)၊ ဧပြီ ၉ ရက် ၉ (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ဝူးမုန်တောင်သည် ပြင်ပတောင်တန်းများနှင့် ဆက်နွှယ်လျက်ရှိပြီး နှစ်စဉ် ပန်းများပွင့်လန်းသော ရာသီအချိန်အခါသည် ကွေ့ကျိုးပြည်နယ် ပိကျယ်မြို့ ပိုင်လီ တောင်ဇလပ်ပင်စီမံခန့်ခွဲရေးဇုန်ရှိ တောမီးကာကွယ်ရေးအဖွဲ့ဝင်များ၏ အလုပ်အများဆုံးကာလလည်း ဖြစ်ပေသည်။ နေ့စဉ် သောင်းနှင့်ချီသော ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်၍ ပန်းများရှုစားကြရာ တောမီးဖြစ်နိုင်ခြေ အန္တရာယ်များ ရှာဖွေစစ်ဆေးရေးလုပ်ငန်းမှာ နေ့စဉ်အလုပ်များအနက် အရေးကြီးဆုံးအလုပ် ဖြစ်လာသည်။

၂၀၀၈ ခုနှစ်မှစ၍ ပိုင်လီ တောင်ဇလပ်ပင်စီမံခန့်ခွဲရေးကော်မတီသည် တောမီးကာကွယ်ရေးဝန်ထမ်း ၄၅ ဦးကို တစ်နှစ်ပတ်လုံး ခန့်အပ်ထားပြီး တောတွင်း မီးအန္တရာယ်ဖြစ်နိုင်ခြေများ စစ်ဆေးရှာဖွေခြင်း၊ သစ်တော ပိုးမွှားနှင့်ရောဂါများ ကာကွယ်ထိန်းချုပ်ခြင်း၊ တရားမဝင် တူးဖော်ခုတ်ယူမှုများ တားဆီးခြင်း စသည့် လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ကြသည်။ ၁၈ နှစ်ကြာကာလတွင် လေပြင်းတိုက်ခတ်၍ မိုးရွာသည်ဖြစ်စေ၊ ရာသီဥတုပြင်းထန်စွာ အေးခဲသည်ဖြစ်စေ၊ ချစ်ချစ်တောက် ပူပြင်းသည်ဖြစ်စေ တောမီးကာကွယ်ရေးအဖွဲ့ဝင်များသည် နေ့စဉ် သစ်တောနှင့် တောင်တန်းများအတွင်း တာဝန်ယူကင်းလှည့်စစ်ဆေးခဲ့ကြပြီး “ကမ္ဘာမြေ၏ ရောင်စုံဖဲကြိုး၊ ကမ္ဘာ့ပန်းဥယျာဉ်” ဟု ခေါ်ဆိုခံရသော ရှုခင်းသာဧရိယာတွင် တောင်ဇလပ်ပန်းများ၏ ပွင့်လန်းမှုကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ပိကျယ်မြို့ ပိုင်လီ တောင်ဇလပ်ပင်စီမံခန့်ခွဲရေးဇုန်ရှိ ကျင်းဖော ရှုခင်းသာဧရိယာတွင် ပန်းများရှုစား၍ လည်ပတ်နေကြသော ခရီးသွားဧည့်သည်များအား ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………..
(Chinese Version)
乌蒙深处的“护花使者”
新华社照片,毕节(贵州),2026年4月8日
乌蒙山连着山外山,每年花开季节,也是贵州省毕节市百里杜鹃管理区森林防火队员们最忙碌的时节。每天数万游客来这里赏花观光,森林火灾隐患排查成了每天工作的重中之重。
从2008年以来,百里杜鹃管理区管委会常年聘请专职森林防火队员45人,负责林区火灾隐患排查、森林病虫害防治、制止盗挖盗采等工作。18年来,无论风吹雨淋,严寒酷暑,森林防火队员们每天在林海山间值守巡查,在有“地球彩带,世界花园”之称的景区守护杜鹃花开。
图说1:游人如织的贵州百里杜鹃管理区普底景区(4月1日摄)。 新华社记者 杨文斌 摄
图说2:游客在贵州百里杜鹃管理区金坡景区赏花观光(4月1日摄)。新华社记者 杨文斌 摄