Connect with us

International Organizations

၂၀၂၆ ခုနှစ် ဖီဘာ 3×3 World Tour ဗိုလ်လုပွဲကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပမည်

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် နိုင်ငံတကာ ဘတ်စကက်ဘောအဖွဲ့ချုပ် (ဖီဘာ) 3x3 World Tour ဟောင်ကောင်ပြိုင်ပွဲ၌ ဆားဘီးယားနိုင်ငံ၏ Ub အသင်းနှင့် လက်ဗီးယားနိုင်ငံ၏ Kandava turiba အသင်းတို့၏ အုပ်စုပွဲစဉ်အတွင်း ဘောလုံးအား အနီးကပ်ပစ်သွင်းရန် ပြင်နေသည့် Ub အသင်းမှ Nenad Nerandzic (အလယ်) ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

၁၅ ကြိမ်မြောက်ဖြစ်သော ၂၀၂၆ ခုနှစ် ဖီဘာ 3×3 World Tour ဗိုလ်လုပွဲကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ဒီဇင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ဖီဘာက ဧပြီ ၈ ရက်၌ အတည်ပြုခဲ့သည်။
ဧပြီ ၂၅ ရက်မှ ၂၆ ရက်အထိ ဂျပန်နိုင်ငံ အူဆူနိုမီယာမြို့မှ စတင်မည့် အဆိုပါ World Tour ပြိုင်ပွဲကို ရီယိုဒီဂျနေးရိုးမြို့တွင် နောက်ဆုံးပွဲစဉ်မတိုင်မီ တိုက်ကြီးလေးတိုက်ရှိ မြို့ပြနေရာများတွင် လှည့်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“ရီယိုဒီဂျနေးရိုးလိုမျိုး အထင်ကရနေရာတစ်ခုဖြစ်ပြီး လက်မှတ်ရောင်းအား များပြားတဲ့နေရာမှာ နောက်ထပ် ဖီဘာ 3×3 World Tour ကို စစ်မှန်တဲ့ပုံစံနဲ့ အောင်မြင်စွာ ကျင်းပနိုင်ဖို့ မျှော်လင့်နိုင်တာကြောင့် ကျွန်တော်တို့ သိပ်ကိုစိတ်လှုပ်ရှားမိပါတယ်” ဟု ဖီဘာ 3×3 မန်နေဂျင်းဒါရိုက်တာ အဲလက်စ် ဆန်းချက်ဇ်က ပြောကြားခဲ့သည်။

“ဘရာဇီးနိုင်ငံမှာ 3×3 ဘတ်စကက်ဘောအပေါ် စိတ်အားထက်သန်မှုဟာ အလွန်ကျော်ကြားပြီး မိတ်ဆွေ တွေ့ကြုံဖူးသမျှအနက် အပြင်းထန်ဆုံးပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တာကြောင့် ဒါဟာ အံ့သြဖွယ်ကောင်းတဲ့ ပြိုင်ပွဲအငွေ့အသက် ဖြစ်စေဖို့အတွက် အထောက်အကူပြုမှာဖြစ်သလို မမေ့နိုင်စရာ နောက်ထပ် ဖီဘာ 3×3 World Tour ပြိုင်ပွဲ ဖြစ်စေမှာကို ကျွန်တော်တို့ သိရှိပြီးဖြစ်ပါတယ်” ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဘရာဇီးဘတ်စကက်ဘောအဖွဲ့ချုပ် (CBB) ဥက္ကဋ္ဌ Marcelo Sousa ကလည်း “ဒီပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ဘရာဇီးမှာ 3×3 ဘတ်စကက်ဘောအတွက် အရေးအပါဆုံးအချိန်ပါပဲ” ဟု ပြောကြားခဲ့သည်။ (Xinhua)

………………
(English Version)
Rio de Janeiro to host 2026 FIBA 3×3 World Tour Final
BEIJING, April 9 (Xinhua) — FIBA on Wednesday confirmed that the 15th edition of the 2026 FIBA 3×3 World Tour Final will be staged in Rio de Janeiro, Brazil, from December 12 to 13.
Tipping off in Utsunomiya, Japan, from April 25 to 26, the World Tour will travel around urban locations across four continents before the Rio finale.
“We are thrilled that we can look forward to signing off another successful FIBA 3×3 World Tour in real style, in such an iconic and box-office location like Rio de Janeiro,” said FIBA 3×3 Managing Director Alex Sanchez.
“The passion for 3×3 basketball in Brazil is renowned and one of the most intense you can ever experience, so we already know this will contribute to an amazing festival feel and one that will make it another FIBA 3×3 World Tour to remember,” he added.
Marcelo Sousa, the Brazilian Basketball Confederation (CBB) president, stated: “Hosting this event marks the most significant moment for 3×3 basketball in Brazil in the past decades.” ■
English Caption
Nenad Nerandzic (C) of Ub goes for a layup during the group match between Ub of Serbia and Kandava turiba of Latvia at the International Basketball Federation (FIBA) 3×3 World Tour Hong Kong 2025 in Hong Kong, south China, July 19, 2025. (Xinhua/Lo Ping Fai)