Connect with us

China

ရှီနှင့် တရုတ်ကူမင်တန်ပါတီ ခေါင်းဆောင် ကျိန့်လိဝန် ပေကျင်းမြို့၌ တွေ့ဆုံ

ပေကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်ကူမင်တန် (KMT) ပါတီ ဥက္ကဋ္ဌ ကျိန့်လိဝန်အား ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
CPC ဗဟိုကော်မတီနှင့် ရှီ၏ ဖိတ်ကြားချက်အရ ကျိန့်သည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တရုတ်ပြည်မကြီးသို့ ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍လာရောက်သော ပထမဆုံး KMT ဥက္ကဋ္ဌလည်း ဖြစ်သည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့သို့ မလာရောက်မီ ကျန်းဆူးပြည်နယ်နှင့် ရှန်ဟိုင်းမြို့သို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Xi meets KMT leader Cheng Li-wun in Beijing
BEIJING, April 10 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, on Friday morning met with Cheng Li-wun, chairwoman of the Chinese Kuomintang (KMT) party, in Beijing.
Invited by the CPC Central Committee and Xi, Cheng is the first KMT chairperson that has led a delegation to the Chinese mainland in the past decade. The delegation had visited Jiangsu Province and Shanghai before coming to Beijing.