Connect with us

China

ဟယ်လိဖုန်းနှင့် အမေရိကန် Bridgewater Associates တည်ထောင်သူ Ray Dalio တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုဘဏ္ဍာရေးနှင့် စီးပွားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဟယ်လိဖုန်းနှင့် အမေရိကန် Bridgewater Associates တည်ထောင်သူ RAY Dalio တို့ ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုဘဏ္ဍာရေးနှင့် စီးပွားရေးရာ ကော်မရှင်ရုံး အကြီးအကဲ ဟယ်လိဖုန်းသည် အမေရိကန် Bridgewater Associates တည်ထောင်သူ Ray Dalio နှင့် ဧပြီ ၉ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ယခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ကောင်းမွန်စွာ စတင်နိုင်ခဲ့ကြောင်း၊ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကာလအတွင်း တရုတ်နိုင်ငံသည် ပြင်ပသို့ အဆင့်မြင့်တံခါးဖွင့်လှစ်မှုကို စဉ်ဆက်မပြတ် တိုးချဲ့သွားမည်ဖြစ်ပြီး နိုင်ငံအသီးသီးမှ ရင်းနှီးမြှုပ်နှံသူများ တရုတ်နိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန်နှင့် စီးပွားရေးလုပ်ကိုင်ရန်၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို အတူတကွမျှဝေရန် ကြိုဆိုကြောင်း ဟယ်လိဖုန်းက ပြောကြားခဲ့သည်။
ကောင်းမွန် တည်ငြိမ်သော တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေးသည် နှစ်နိုင်ငံလုံး၏ အခြေခံအကျိုးစီးပွားများနှင့် ကိုက်ညီမှုရှိကာ အမေရိကန်စက်မှုစီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းအနေဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ပြီး တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေးကို ထိန်းသိမ်းကာကွယ်သူနှင့် တွန်းအားပေးဆောင်ရွက်သူအဖြစ် လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ray Dalio က လက်ရှိနိုင်ငံတကာပတ်ဝန်းကျင်တွင် တရုတ်နိုင်ငံ စီးပွားရေးက ပြသသော ပိုမိုအားကောင်းသည့် ကြံ့ခိုင်မှု၊ တည်ငြိမ်မှုတို့မှာ မှတ်မိစွဲထင်ဖွယ်ရှိပြီး တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအလားအလာအပေါ် အကောင်းမြင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
何立峰会见美国桥水投资公司创始人达利欧
新华社北京4月9日电 中共中央政治局委员、中央财办主任何立峰9日在京会见美国桥水投资公司创始人达利欧。
何立峰表示,今年以来,中国经济开局良好。“十五五”时期,中国将持续扩大高水平对外开放,欢迎各国投资者来华投资兴业,共享高质量发展机遇。健康稳定的中美经贸关系符合两国根本利益,希望美国工商界继续发挥积极作用,做中美经贸关系的维护者和推动者。
达利欧表示,中国经济在当前国际环境下展现出的较强韧性和稳定性令人印象深刻,看好中国经济发展前景。(完)
图说:4月9日,中共中央政治局委员、中央财办主任何立峰在北京会见美国桥水投资公司创始人达利欧。 新华社记者 戴天放 摄