Connect with us

Myanmar

မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတက ပြည်ထောင်စုအစိုးရအဖွဲ့သစ် ဖွဲ့စည်း

မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်၌ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပစဉ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့၊ အဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ သမ္မတရုံးက ဝန်ကြီးဌာန ၃၀ ခုဖြင့် ပါဝင်ဖွဲ့စည်းထားသော အစိုးရအဖွဲ့သစ်ကို ယနေ့ (ဧပြီ ၁၀ ရက်) ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံပိုင် မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးတင်အောင်စန်းကိုလည်းကောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန နှစ်ခုစလုံး၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမြထွန်းဦးကိုလည်းကောင်း ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

ယနေ့မှာပင် ဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများအား အသီးသီးခန့်အပ်ပြီး ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကိုလည်း ဖွဲ့စည်းခဲ့ရာ ဦးစိုးဝင်းက ကောင်စီဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဦးမောင်မောင်အေးက အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်ထောင်စုအစိုးရအဖွဲ့သစ်နှင့် ကောင်စီဖွဲ့စည်းခြင်းဆိုင်ရာ သမ္မတရုံးအမိန့်ကြေညာချက်များကို မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်၌ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပစဉ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့၊ အဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်၌ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပစဉ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့၊ အဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်၌ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပစဉ်အတွင်း မိန့်ခွန်း‌ပြောကြားနေသော နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ် (ဆင်ဟွာ)