Connect with us

North America

အမေရိကန်-အီရန် သဘောတူညီချက်အပေါ် အလွန်အကောင်းမြင်ကြောင်း ထရမ့်ပြောကြားပြီး အစ္စရေးအနေဖြင့် လက်ဘနွန်တွင် “ထိန်းထိန်းသိမ်းသိမ်းရှိရန်” တောင်းဆို

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် သမ္မတ ထရမ့် တက်ရောက်ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်က အမေရိကန်နှင့် အီရန် ရရှိထားသော သဘောတူညီချက်အပေါ် ၎င်းအနေဖြင့် အလွန်အကောင်းမြင်ကြောင်း၊ သဘောတူညီချက်က လက်တစ်ကမ်းမှာရှိနေပြီဟု ယူဆကြောင်း ဧပြီ ၉ ရက်တွင် ပြောကြားခဲ့သည်။ လက်ဘနွန်အပေါ် စစ်ရေးလှုပ်ရှားမှုများ “ထိန်းထိန်းသိမ်းသိမ်းရှိရန်” အစ္စရေးအား တောင်းဆိုထားပြီးဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

မီဒီယာရှေ့မှာထက်စာလျှင် တွေ့ဆုံဆွေးနွေးချိန် အီရန်ခေါင်းဆောင်ပိုင်းအဖွဲ့ဝင်များ၏ အသုံးအနှုန်းများက “ယုတ္တိပိုရှိကြောင်း”၊ “၎င်းတို့အနေဖြင့် လက်မခံ၍မရသည့်ကိစ္စရပ်များကို သဘာတူညီနေပြီဖြစ်ကြောင်း” ထရမ့်က အမေရိကန် NBS သတင်းထောက်၏ ဖုန်းဖြင့် မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ၎င်းက “တကယ်လို့ သဘောတူညီချက်မရဘူးဆိုရင် နောက်ဆက်တွဲရလဒ်က နောင်ကျဉ်သွားစေရမယ် ” ဟု ခြိမ်းခြောက်ပြောကြားခဲ့သည်။

ထရမ့်က ဧပြီ ၈ ရက်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး လက်ဘနွန်နယ်နိမိတ်အတွင်း ၎င်း၏ စစ်ရေးလှုပ်ရှားမှုများကို လျှော့ချရန် အစ္စရေးကို တောင်းဆိုခဲ့ကြောင်း အတည်ပြုခဲ့သည်။ နေတန်ယာဟုအနေဖြင့် “ထိန်းထိန်းသိမ်းသိမ်းပုံစံဖြင့် စီမံလုပ်ဆောင်သွားမည်ဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။

အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Karoline Leavitt က အမေရိကန်-အီရန် သည် ဒေသစံတော်ချိန် ဧပြီ ၁၁ ရက် နံနက်ပိုင်းတွင် ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်တွင် ပထမအကြိမ်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဧပြီ ၈ ရက်တွင် ကြေညာခဲ့သည်။ အမေရိကန်ဘက် ကိုယ်စားလှယ်အဖွဲ့ဝင်များတွင် ဒုတိယသမ္မတ JD Vance၊ သမ္မတ၏ အထူးသံတမန် Steve Witkoff နှင့် ထရမ့်၏ သားမက်ဖြစ်သူ Kushner တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————-
(Chinese Version)
特朗普:美伊协议“非常乐观” 要求以方在黎“低调”
新华社华盛顿4月9日电 美国总统特朗普9日表示,他对美国与伊朗达成和平协议“非常乐观”,认为协议已触手可及。他还表示,已要求以色列对黎巴嫩的军事行动保持“低调”。
特朗普接受美国全国广播公司记者电话采访时称,相比面对媒体时,伊朗领导层成员在对话时的措辞“通情达理得多”,“他们正在同意所有不得不接受的事项”。他同时威胁说:“如果他们不达成协议,后果将极其痛苦。”
特朗普证实他8日与以色列总理内塔尼亚胡通电话,并要求以色列减少其在黎巴嫩境内的军事行动。他表示,内塔尼亚胡会“采取低调处理的方式”。
白宫新闻秘书莱维特8日宣布,美伊将于当地时间11日上午在巴基斯坦首都伊斯兰堡举行首轮会谈。美方代表团成员包括副总统万斯、总统特使威特科夫以及特朗普的女婿库什纳。(完)
1. 4月6日,美国总统特朗普在首都华盛顿白宫举行的新闻发布会上讲话。新华社发(李源清摄)