Connect with us

China

ရှင်းကျန်းဒေသ အားလက်ထိုက်ဒေသခွဲတွင် “သက်ရှိ ငှက်သိုက်” က စိမ့်မြေဂေဟစနစ်နှင့် လျှပ်စစ်ကွန်ရက်လုံခြုံရေးကို စောင့်ရှောက်ပေး

တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားလက်ထိုက်ဒေသခွဲ ဖူဟိုင်ခရိုင်ရှိ ဝူးလွန်ကူရေကန် အမျိုးသားစိမ့်မြေဥယျာဉ်အား ၂၀၂၆ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူးလူမုချီ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

အဲအယ်ချီစီမြစ်ဝှမ်းတွင် တည်ရှိသော တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားလက်ထိုက်ဒေသခွဲသည် မြစ်ချောင်းအင်းအိုင် ပေါများပြီး ဂေဟစနစ်ကောင်းမွန်သောကြောင့် ရွှေ့ပြောင်းငှက်များ ရွှေ့ပြောင်းသွားလာခြင်း၊ နားခိုကျက်စားခြင်း၊ မျိုးပွားခြင်းတို့အတွက် အရေးပါသော နယ်မြေတစ်ခု ဖြစ်သည်။ လတ်တလောတွင် ရာသီဥတု အပူချိန်မြင့်တက်လာနှင့်အမျှ အဆိုပါဒေသတွင် ရွှေ့ပြောင်းငှက်များ ရွှေ့ပြောင်းလာမှုများပြားလာပြီး ငှက်များ၏ လှုပ်ရှားမှု များပြားလာခြင်းသည် လျှပ်စစ်ဓာတ်အားလိုင်းများ ဘေးကင်းလုံခြုံစွာ လည်ပတ်နိုင်ရေးအတွက် ဖိအားတစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့် STATE GRID အားလက်ထိုက် လျှပ်စစ်ဓာတ်အားပေးရေး ကုမ္ပဏီသည် “သက်ရှိငှက်သိုက်” အထူးစီမံချက် ဖော်ဆောင်ကာ ဝန်ထမ်းများသည် ဒရုန်းများ၏ အကူအညီဖြင့် စိမ့်မြေဥယျာဉ်များနှင့် ရေကန်ပတ်လည်ရှိ အဓိကဓာတ်အားလိုင်းများတစ်လျှောက်တွင် ဂေဟစနစ် ငှက်သိုက်များကို နေရာ ၁၆ ခု၌ တိကျစွာ တပ်ဆင်ပေးခဲ့သည်။
ငှက်များအတွက် ဘေးကင်းသော နားခိုကျက်စားရာနေရာများကို တက်ကြွစွာ ဖန်တီးပေးခြင်းဖြင့် လျှပ်စစ်ဓာတ်အားလိုင်း အဆောက်အအုံများပေါ်တွင် ငှက်များ အသိုက်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များကို ထိရောက်စွာ ဖယ်ရှားနိုင်ခဲ့သည်။
ဤလုပ်ဆောင်ချက်သည် ဂေဟစနစ် ကာကွယ်စောင့်ရှောက်ရေးနှင့် လျှပ်စစ်ဓာတ်အားပို့ဆောင်မှု ထိန်းသိမ်းရေးတို့ကို ဟန်ချက်ညီညီ မြှင့်တင်မှုကို ဖော်ဆောင်နိုင်ခဲ့ပြီး ဒေသတွင်း ဂေဟစနစ်နှင့် လျှပ်စစ်ဓာတ်အားလုပ်ငန်းတို့ကြား သဟဇာတဖြစ်၍ ဘုံအကျိုးစီးပွားဖော်ဆောင်နိုင်မှုကို အားဖြည့်ဆောင်ရွက်ပေးသည်။ (Xinhua)

တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားလက်ထိုက်ဒေသခွဲ ဖူဟိုင်ခရိုင်ရှိ ဝူးလွန်ကူရေကန် အမျိုးသားစိမ့်မြေဥယျာဉ်တွင် ရွှေ့ပြောင်းငှက်များ ရေဆော့ကစားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………..
(Chinese Version)
新疆阿勒泰: “生命鸟巢” 守护湿地生态与电网安全
新华社照片,乌鲁木齐,2026年4月9日
地处额尔齐斯河流域的新疆阿勒泰,水系密布、生态优良,是候鸟迁徙、栖息繁衍的重要区域。随着近期气温回升,当地迎来候鸟迁徙高峰,鸟类活动增多也给输电线路安全运行带来压力。
为此,国网阿勒泰供电公司开展 “生命鸟巢” 专项行动,工作人员借助无人机,在湿地公园及环湖重点线路沿线精准投放安装生态鸟巢16处。通过主动为鸟类营造安全的栖息场所,有效避免鸟类在输电设施上筑巢引发安全隐患,实现生态保护与电力运维协同推进,助力区域生态与电力事业和谐共赢。
通过主动为鸟类营造安全的栖息场所,有效避免鸟类在输电设施上筑巢引发安全隐患,实现生态保护与电力运维协同推进,助力区域生态与电力事业和谐共赢。
图说1:这是位于新疆阿勒泰福海县的乌伦古湖国家湿地公园(4月8日摄,无人机照片)。新华社发(努尔别克·努尔曼 摄)
图说2:候鸟在位于新疆阿勒泰福海县的乌伦古湖国家湿地公园游水嬉戏(4月8日摄,无人机照片)。新华社发(努尔别克·努尔曼 摄)