Connect with us

Africa & Middle East

အမေရိကန်အနေဖြင့် “စစ်ပွဲနှင့် အပစ်ရပ်ရေးကြား ရွေးချယ်မှု လုပ်ရမည်” ဟု အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆို

အီရန်နိုင်ငံ မြို့တော် တီဟီရန်ရှိ တော်လှန်ရေးရင်ပြင် စုဝေးပွဲ၌ ပါဝင်သော အမျိုးသားတစ်ဦးအား ၂၀၂၆ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

အစ္စရေး၏ ဧပြီ ၈ ရက်က လက်ဘနွန်အပေါ် လေကြောင်းတိုက်ခိုက်မှုသည် သက်ဆိုင်ရာ အပစ်ရပ်ရေးသဘောတူညီချက် အစီအစဉ်များကို “ပြင်းထန်စွာ ချိုးဖောက်” ခဲ့ကြောင်း အီရန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Saeed Khatibzadeh က ဧပြီ ၉ ရက်တွင် BBC ၏ မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။ အပစ်ရပ်ရေးအစီအစဉ်များတွင် လက်ဘနွန် ပါဝင်သင့်သော်လည်း အမေရိကန်နှင့် အစ္စရေးတို့က ဤကိစ္စနှင့်ပတ်သက်၍ မတူညီသော ပြောကြားမှုများရှိပြီး အမေရိကန်အနေဖြင့် “စစ်ပွဲနှင့် အပစ်ရပ်ရေးကြား ရွေးချယ်မှု လုပ်ရမည်” ဟု ၎င်းက ပြောကြားခဲ့သည်။
အီရန်သည် ဧပြီ ၈ ရက် နှောင်းပိုင်းတွင် အိမ်ဖြူတော်သို့ အလွန်ပြတ်သားသော သတင်းစကားတစ်ခု ပေးပို့ခဲ့ပြီး အမေရိကန်အနေဖြင့် တစ်ဖက်တွင် အပစ်ရပ်ရန် တောင်းဆိုပြီး တစ်ဖက်တွင်မူ မဟာမိတ်က “အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုစတင်ခြင်း” ကို ခွင့်ပြု၍ မရကြောင်း ပြောကြားခဲ့သည်။ အီရန်၊ အမေရိကန်နှင့် ၎င်းတို့၏ မဟာမိတ်အသီးသီးသည် အပစ်ရပ်ရေးကို အားလုံး လိုက်နာသင့်ပြီး လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့သည် “ဤအစီအစဉ်ကို အမှန်တကယ် လိုက်နာခဲ့သည်” ဟု Khatibzadeh က ပြောကြားခဲ့သည်။
အီရန်အနေဖြင့် ဟောမုဇ်ရေလက်ကြား ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားရန် မျှော်လင့်ကြောင်းလည်း Khatibzadeh က ပြောကြားခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် ၎င်းက ဤလမ်းကြောင်းကို စစ်သင်္ဘောများက “အလွဲသုံးစားပြုခြင်း” မရှိစေရန်အတွက် အီရန်သည် ဘေးကင်းစွာ ဖြတ်သန်းသွားလာရေးယန္တရားတွင် အိုမန်၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်တို့သည် အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန် ဧပြီ ၇ ရက် ညပိုင်းတွင် အပစ်ရပ်ကြောင်းနှင့် သီတင်းပတ် ၂ ပတ်ကြာ စေ့စပ်ညှိနှိုင်းမှုစတင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ သည်။
အစ္စရေးစစ်တပ်သည် လက်ဘနွန်နိုင်ငံ နေရာအများအပြားတွင် လေကြောင်းတိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ပြီး ဟစ်ဇ်ဘိုလာကွပ်ကဲရေးဌာန ၁၀၀ ကျော်နှင့် စစ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းမှာ ယခုအကြိမ် အမေရိကန်-အစ္စရေး-အီရန် စစ်ပွဲအတွင်း အကြီးမားဆုံးတိုက်ခိုက်မှုဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ က ဧပြီ ၈ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
လက်ဘနွန်ကျန်းမာရေးဝန်ကြီးက ဧပြီ ၈ ရက်တွင် လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူ ၂၀၃ ဦး သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု လက်ဘနွန်အမျိုးသားသတင်းဌာန၏ ဧပြီ ၉ ရက် သတင်းထုတ်ပြန်မှုအရ သိရသည်။ (Xinhua)
…………………
(Chinese Version)
伊朗副外长:美国“必须在战争与停火之间作出选择”
新华社伦敦4月9日电(记者赵家淞 于艾岑)伊朗副外长赛义德·哈提卜扎德9日在接受英国广播公司采访时表示,以色列8日对黎巴嫩发动的空袭“严重违反”有关停火安排。停火安排应涵盖黎巴嫩,但美国和以色列对此持不同说法,美国“必须在战争与停火之间作出选择”。
哈提卜扎德说,伊朗已于8日晚些时候向白宫发出非常明确的信息,称美国不能一边要求停火,一边放任盟友“开始一场屠杀”。他说,伊朗、美国及其各自盟友都应遵守停火,而黎巴嫩真主党“确实遵守了这一安排”。
哈提卜扎德还表示,伊朗希望霍尔木兹海峡保持和平。但他同时说,伊朗需要与阿曼及国际社会就安全通行机制进行合作,以确保这一通道不被军舰“滥用”。
美国和伊朗在美国东部时间7日晚宣布停火并将开启为期两周的谈判。
以色列国防军8日发表声明称,以军在黎巴嫩多地实施大规模空袭,打击超过100个真主党指挥中心及军事目标,并称这是本次美以伊战事中规模最大的一次打击。据黎巴嫩国家通讯社9日报道,黎巴嫩卫生部长说,以色列8日对黎巴嫩发动的袭击已造成203人死亡、1000多人受伤。(完)
图说1:4月8日,一名男子在伊朗首都德黑兰革命广场参加集会。新华社记者 沙达提 摄