Connect with us

Asia

ဆွေးနွေးပွဲအတွက် အီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ်မာဘတ်မြို့သို့ ရောက်ရှိ

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တွင် အမေရိကန်-အီရန် ဆွေးနွေးပွဲပြုလုပ်မည့် ကြော်ငြာဆိုင်းဘုတ်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာတ်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ မိုဘာမက် ဘာကာ ကာလီဘတ်ဖ် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံနှင့် မကြာမီပြုလုပ်မည့် ဆွေးနွေးပွဲ၌ ပါဝင်ရန် ဧပြီ ၁၁ ရက်၌ အစ္စလာမ်မာဘတ်မြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပါစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယက် အာဘတ်စ် အာရက်ဂ်ချီလည်း ပါဝင်သည်။
အီရန်ကိုယ်စားလှယ်အဖွဲ့အား ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Sardar Ayaz Sadiq ၊ ကာကွယ်ရေးဝန်ကြီးဌာန အကြီးအကဲနှင့် စစ်ဦးစီးချုပ် Field Marshall Syed Asim Munir နှင့် ပြည်ထဲရေးဝန်ကြီး Syed Mohsin Raza Naqvi တို့က ကြိုဆိုခဲ့ကြကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဘက်အသီးသီးအနေဖြင့် အပြုသဘောဆောင်စွာ ဆွေးနွေးညှိနှိုင်းနိုင်မည်ဟု မျှော်လင့်သလို ပဋိက္ခများအတွက် ရေရှည်ဖြစ်၍ ခိုင်မြဲသော ဖြေရှင်းချက်ဆီသို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်လိုသည့် ပါကစ္စတန်နိုင်ငံ၏ ဆန္ဒကိုလည်း Ishaq Dar ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
……….
(English Version)
Iranian delegation arrives in Islamabad for talks
ISLAMABAD, April 11 (Xinhua) — A high-level Iranian delegation led by Parliament Speaker Mohammad Baqer Qalibaf arrived in Islamabad on Saturday to participate in the upcoming talks with the United States, Pakistan’s foreign ministry said in a statement.
The delegation also includes Iranian Foreign Minister Seyed Abbas Araghchi.
According to the statement, the Iranian delegation was received upon arrival by Pakistani Deputy Prime Minister and Foreign Minister Mohammad Ishaq Dar, along with National Assembly Speaker Sardar Ayaz Sadiq, Chief of Defense Forces and Chief of Army Staff Field Marshall Syed Asim Munir and Interior Minister Syed Mohsin Raza Naqvi.
Ishaq Dar expressed hope that the parties would engage constructively and reiterated Pakistan’s willingness to continue facilitating efforts toward a lasting and durable solution to the conflict.
Photo: This photo taken on April 10, 2026 shows a billboard for the U.S.-Iran talks in Islamabad, Pakistan. (Photo by Ahmad Kamal/Xinhua)