Connect with us

Africa & Middle East

ဟော်မုဇ်ရေလက်ကြားသို့ ဝင်ရောက်လာသည့် အမေရိကန်စစ်သင်္ဘောအား ကြားဖြတ်ဟန့်တားသည့် အသေးစိတ်အခြေအနေ အီရန် ထုတ်ပြန်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး စစ်ရေးတိုက်ခိုက်မှုအား ဆန့်ကျင်ဆန္ဒပြနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဧပြီ ၁၁ ရက် ညပိုင်းတွင် လူမှုကွန်ရက်မီဒီယာ၌ သတင်းထုတ်ပြန်ခဲ့ရာ ဟော်မုဇ်ရေလက်ကြားသို့ ဝင်ရောက်ရန် အမေရိကန်ရေတပ် Arleigh Burke အတန်းအစား ဖျက်သင်္ဘောတစ်စင်းကြိုးပမ်းခဲ့ကြောင်း၊ ထို့နောက် မကြာမီတွင်ပင် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ သင်္ဘောများက ကြားဖြတ်ဟန့်တားခဲ့ကြောင်း၊ အချိန်ခဏတာ ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားပြီးနောက် အဆိုပါ ဖျက်သင်္ဘောသည် ပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်း ဖော်ပြထားသည်။ 

အမေရိကန် သမ္မတ ထရမ့်က အဆိုပါဖျက်သင်္ဘောလှုပ်ရှားသည့်ကာလတွင် ဟော်မုဇ်ရေလက်ကြား “မကြာမီ” ဖွင့်လှစ်တော့မည်ဟု သတင်းစကားပါးကြေညာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ အစောပိုင်းတွင် အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM)က လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်၍ အမေရိကန်ရေတပ်မှ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘောနှစ်စင်းသည် ယင်းနေ့က ဟော်မုဇ်ရေလက်ကြားသို့ ဖြတ်သန်းသွားပြီး ပါရှန်ပင်လယ်ကွေ့တွင် လှုပ်ရှားနေကြောင်း ဖော်ပြထားသည်။ ယင်းမှာ အဆိုပါရေလက်ကြားတွင် အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် ဖြန့်ကြက်ထားသည့် ရေမြှုပ်မိုင်း အပြီးသတ်ရှင်းလင်းရေးမစ်ရှင်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ဖျက်သင်္ဘောနှစ်စင်းလုံးမှာ Arleigh Burke အတန်းအစား ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————

(Chinese Version)

伊朗发布拦截美舰进入霍尔木兹海峡细节新华社德黑兰4月11日电(记者陈霄 沙达提)伊朗伊斯兰革命卫队11日晚在社交媒体发布消息称,一艘美国海军“阿利·伯克”级驱逐舰试图进入霍尔木兹海峡,革命卫队船只随即对其实施拦截。经短暂对峙后,该驱逐舰被迫撤退。   报道称,美国总统特朗普在该驱逐舰行动期间发出信息,宣称霍尔木兹海峡“即将”开放。   早些时候,美军中央司令部在社交媒体发文,称两艘美国海军导弹驱逐舰当天穿越霍尔木兹海峡,并在波斯湾行动。这是彻底清理伊朗伊斯兰革命卫队在该海峡所布设水雷任务的一部分。这两艘驱逐舰均为“阿利·伯克”级。(完)

1.3月21日,人们在英国伦敦参加集会,抗议美国和以色列对伊朗发动军事打击。 新华社记者 李颖 摄