Connect with us

China

WTT Contender Taiyuan စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တရုတ်ကစားသမားများက ချန်ပီယံဆုလေးဆု ဆွတ်ခူး

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၂ ရက်က ကျင်းပသည့် ၂၀၂၆ World Table Tennis (WTT) Contender Taiyuan စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား၌ ပထမဆုရ တရုတ်စားပွဲတင်တင်းနစ်ကစားသမားများဖြစ်သည့် စီရွှင့်ရောင် (ယာ-ဒုတိယ)/ ဟန်ဖေအယ်(ယာ-ပထမ) တို့နှင့် ဒုတိယဆုရ တရုတ်နိုင်ငံ ဟောင်ကောင်ဒေသမှ သုခိုင်ချင် (ဝဲ-ပထမ)/ဝူရုန်လျင် တို့ အမှတ်တရဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ တရုတ်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

ဧပြီ ၁၂ ရက်က ကျင်းပပြီးစီးခဲ့သည့် WTT Contender Taiyuan စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တရုတ်ကစားသမားများက အမျိုးသားတစ်ဦးချင်း၊ အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီးနှစ်ယောက်တွဲ၊ ကျားမနှစ်ယောက်တွဲ ပြိုင်ပွဲများတွင် အနိုင်ရဗိုလ်စွဲခဲ့ပြီး ချန်ပီယံဆုလေးဆုကို သိမ်းပိုက်နိုင်ခဲ့သည်။ 

အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲတွင် တရုတ်နိုင်ငံမှ စီရွှင့်ရောင်နှင့် ဟန်ဖေအယ တို့အတွဲက တရုတ် (ဟောင်ကောင်) မှ သုခိုင်ချင်နှင့် ဝူရုန်လျင်တို့ကို ၃-၁ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ပထမဆုံးအကြိမ် တွဲဖက်ကာ ပြိုင်ပွဲဝင်ခဲ့သည့် စီနှင့် ဟန်တို့သည် ပြိုင်ပွဲတစ်လျှောက်လုံးတွင် နားလည်မှုရှိရှိ၊ အချိတ်အဆက်မိမိဖြင့် တည်တည်ငြိမ်ငြိမ် လက်စွမ်းပြကစားနိုင်ခဲ့သည်။”ဒါက ကျွန်မတို့ ပထမဆုံးအကြိမ် တွဲဖက်ကစားခဲ့တာဖြစ်ပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့လို့ ကြည်နူးဝမ်းသာပါတယ်” ဟု ပြိုင်ပွဲတွင် အနိုင်ရရှိပြီးနောက် စီက ပြောသည်။ 

“ပြိုင်ပွဲတစ်လျှောက်လုံးမှာ ကျွန်မတို့ ကောင်းကောင်းအချိတ်အဆက်မိခဲ့ပြီး နောက်ကောက်ကျနေတဲ့ အချိန်တွေမှာလည်း ကျွန်မတို့ရဲ့ ဟန်ချက်ကို ထိန်းညှိနိုင်ခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။အမျိုးသားနှစ်ယောက်တွဲ ဗိုလ်လုပွဲတွင် တရုတ်နိုင်ငံမှ လီဟဲ့ချန်နှင့် ဝန်းရွှေ့ပေါ်တို့က ထင်မှတ်မထားသည့် ရလဒ်တစ်ခုကို စွမ်းဆောင်နိုင်ခဲ့ကာ နိုင်ငံတူပြိုင်ဘက်များဖြစ်သလို ကမ္ဘာ့အဆင့်-၃ အတွဲအဖက်လည်းဖြစ်သည့် လျင်ရှီးတုန့်နှင့် ဟွမ်ယိုကျိန့်တို့ကို ငါးပွဲအကြိတ်အနယ်ကစားကာ နှာတစ်ဖျားအသာဖြင့် အနိုင်ရရှိခဲ့သည်။

အသက် ၁၇ နှစ်အရွယ် လီက ယခုအောင်မြင်မှုမှာ နှစ်ယောက်တွဲအနေဖြင့် ၎င်းတို့၏ အကောင်းဆုံးစွမ်းဆောင်ရည် ဖြစ်သည်ဟု ဆိုသည်။ “ကျွန်တော်တို့ ပွဲမစခင်က ဒီလိုအတွေ့အကြုံရင့်ကျက်တဲ့ ပြိုင်ဘက်တွေကို အနိုင်ရလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။ “တစ်ချိန်တည်းမှာပဲ ဒီပြိုင်ပွဲက ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို မြင်သာထင်သာရှိစေခဲ့လို့ ကျွန်တော်တို့ ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

အသက် ၁၉ နှစ်အရွယ် ဝန်းမှာ နောက်ပိုင်းတွင် ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် ပြန်လည်ပါဝင်ခဲ့ကာ ဂျပန်နိုင်ငံမှ မာဟရု ယိုရှိမူရကို နောက်မှအကြိတ်အနယ်လိုက်ကစားကာ ၄-၂ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။ ဝန်းအနေဖြင့် ပထမပွဲကြီးနှင့် တတိယပွဲကြီးတွင် အရေးနိမ့်ခဲ့ပြီးနောက် အနိုင်မခံအရှုံးမပေးဘဲ အပြင်းအထန် တုံ့ပြန်ကစားကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးတစ်ဦးချင်း ချန်ပီယံဆုကိုမူ ဂျပန်နိုင်ငံမှ ဆာဆုကိ အိုဒိုက တစ်နိုင်ငံတည်းသူ ဟိတိုမိ ဆာတိုကို ဗိုလ်လုပွဲတွင် ၄-၁ ပွဲဖြင့် အနိုင်ယူကာ ဆွတ်ခူးသွားခဲ့သည်။ဧပြီ ၁၁ ရက်က ယှဉ်ပြိုင်ခဲ့သည့် ကျားမနှစ်ယောက်တွဲပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ဟွမ်ယိုကျိန့်နှင့် စီရွှင့်ရောင်တို့က တရုတ် (ဟောင်ကောင်) မှ ဟွမ်ကျန့်ထျင်နှင့် သုခိုင်ချင်တို့ကို ၃-၁ ပွဲဖြင့် အနိုင်ယူကာ ချန်ပီယံသရဖူကို ဆွတ်ခူးနိုင်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၂ ရက်က ကျင်းပသော ၂၀၂၆ World Table Tennis (WTT) Contender Taiyuan စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသားနှစ်ယောက်တွဲ ဗိုလ်လုပွဲတွင် တရုတ်နိုင်ငံမှ ကစားသမားများဖြစ်သည့် လီဟဲ့ချန်/ဝန်းရွှေ့ပေါ်တို့နှင့် လျင်ရှီးတုန့် (ယာ)/ဟွမ်ယိုကျိန့်တို့ ယှဉ်ပြိုင်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၂ ရက်က ကျင်းပသည့် ၂၀၂၆ World Table Tennis (WTT) Contender Taiyuan အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား၌ ပထမဆုရ တရုတ်စားပွဲတင်တင်းနစ်ကစားသမားများဖြစ်သည့် လီဟဲ့ချန်(ဝဲ)/ဝန်းရွှေ့ပေါ်တို့ အမှတ်တရဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၁၂ ရက်က ကျင်းပသည့် ၂၀၂၆ World Table Tennis (WTT) Contender Taiyuan စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲတွင် တရုတ် (ဟောင်ကောင်) မှ သုခိုင်ချင်/ ဝူရုန်လျင် တို့နှင့် ယှဉ်ပြိုင်နေသည့် တရုတ်နိုင်ငံမှ စီရွှင့်ရောင် (ယာ)/ဟန်ဖေအယ် တို့အား တွေ့ရစဉ် (ဆင်ဟွာ)

………………………………………………………………….

(English Version)

China claims four titles at WTT Contender TaiyuanTAIYUAN, China, April 12 (Xinhua) — Chinese paddlers secured four titles at the WTT Contender Taiyuan, winning the men’s singles, men’s doubles, women’s doubles and mixed doubles events as the competition concluded on Sunday.In the women’s doubles final, China’s Shi Xunyao and Han Feier defeated Doo Hoi Kem and Ng Wing Lam of Hong Kong, China, 3-1.

Competing together for the first time, Shi and Han displayed strong chemistry and composure throughout the match.”This is our first time partnering, and we’re delighted to have won the title,” Shi said after the victory. “We communicated well throughout the match and were able to adjust our rhythm when we fell behind.”In the men’s doubles final, China’s Li Hechen and Wen Ruibo pulled off an upset, edging their compatriots Lin Shidong and Huang Youzheng, the world No. 3 pair, in a five-game thriller.Li, 17, said the victory marked their best performance as a duo. “We didn’t expect to beat such experienced opponents before the match,” he said. “At the same time, this match exposed our shortcomings, and we will continue to train harder.”Wen returned to the court later for the men’s singles final, where the 19-year-old rallied from behind to defeat Japan’s Maharu Yoshimura 4-2. After dropping the first and third games, Wen fought back strongly to secure the title.The women’s singles title went to Japan’s Satsuki Odo, who overcame her compatriot Hitomi Sato 4-1 in the final.In the mixed doubles event played on Saturday, China’s Huang Youzheng and Shi Xunyao defeated Wong Chun Ting and Doo Hoi Kem of Hong Kong, China, 3-1 to take the crown.English Caption 1First-placed Shi Xunyao (2nd R)/Han Feier (1st R) of China, second-placed Doo Hoi Kem (1st L)/Ng Wing Lam of China’s Hong Kong pose for photos during the awarding ceremony for the women’s doubles at the World Table Tennis (WTT) Contender Taiyuan 2026 in Taiyuan, north China’s Shanxi Province, April 12, 2026. (Xinhua/Yang Chenguang)English Caption 2Lin Shidong(R)/Huang Youzheng of China compete during the men’s doubles final match against Li Hechen/Wen Ruibo of China at the World Table Tennis (WTT) Contender Taiyuan 2026 in Taiyuan, north China’s Shanxi Province, April 12, 2026. (Xinhua/Yang Chenguang)English Caption 3First-placed Li Hechen (L)/Wen Ruibo of China pose for photos during the awarding ceremony for the men’s doubles at the World Table Tennis (WTT) Contender Taiyuan 2026 

in Taiyuan, north China’s Shanxi Province, April 12, 2026. (Xinhua/Yang Chenguang)English Caption 4Shi Xunyao (R)/Han Feier of China compete during the women’s doubles final match against Doo Hoi Kem/Ng Wing Lam of China’s Hong Kong at the World Table Tennis (WTT) Contender Taiyuan 2026 in Taiyuan, north China’s Shanxi Province, April 12, 2026. (Xinhua/Yang Chenguang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.