Connect with us

China

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တောင်တရုတ်ပင်လယ်တွင် ပုံမှန် ကင်းလှည့်မှုများပြုလုပ်

တောင်တရုတ်ပင်လယ်ရှိ ကျောက်တန်းတစ်ခုကို ၂၀၂၆ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကြီး၏ ရေတပ် တပ်ဖွဲ့က တောင်တရုတ်ပင်လယ်တွင် ဧပြီ ၉ ရက်မှ ၁၂ ရက်အထိ ပုံမှန်ကင်းလှည့်မှုများ ပြုလုပ်ခဲ့သည်ဟု PLA တောင်ပိုင်းစစ်ဒေသကြီး ပြောရေးဆိုခွင့်ရှိသူ ကျိုင်စစ်ချန် က ဧပြီ ၁၃ ရက်၌ ပြောကြားခဲ့သည်။

ဖိလစ်ပိုင်အနေဖြင့် ဒေသတွင်းပြင်ပ နိုင်ငံများနှင့် ပူးပေါင်းကြံစည်ကာ တောင်တရုတ်ပင်လယ်တွင် ပြဿနာများ ဖြစ်ပေါ်စေ၍ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်စေသည့် “ပူးတွဲကင်းလှည့်မှုများ” ဟုဆိုသော လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်ဟု ကျိုင်က ပြောကြားခဲ့သည်။

တောင်ပိုင်းစစ်ဒေသကြီး၏ တပ်ဖွဲ့များအနေဖြင့် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်နှင့် အချုပ်အခြာအာဏာ၊ ပင်လယ်ရေကြောင်းအခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်ကာ ဒေသတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုတို့ကို ခိုင်မာစွာ ထိန်းသိမ်းမည်ဟုလည်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)

တောင်တရုတ်ပင်လယ်ရှိ ကျောက်တန်းတစ်ခုကို ၂၀၂၆ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………………………………..

(English Version)

PLA conducts routine patrols in South China SeaBEIJING,

 April 13 (Xinhua) 

— The navy of the Chinese People’s Liberation Army (PLA) Southern Theater Command conducted routine patrols from April 9 to 12 in the South China Sea, spokesperson Zhai Shichen said Monday.Zhai said the Philippines had rallied extra-regional countries to carry out so-called “joint patrols,” stirring up troubles in the South China Sea and undermining peace and stability in the region.He stressed that forces of the command will resolutely safeguard China’s territorial sovereignty and maritime rights and interests, and firmly uphold regional peace and stability. ■English Caption 1, 2An aerial drone photo taken on March 24, 2026 shows a reef in the South China Sea.