Connect with us

Media

သင်္ကြန်အကြိုနေ့မှ စတင်ကာ ဖျာပုံသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဖျာပုံ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

 မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို ဧပြီ ၁၃ ရက် ညနေပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ 

ဖျာပုံမြို့ မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ပွဲ ထည့်သွင်းကျင်းပနေသလို အဆိုပါ ဗဟိုမဏ္ဍပ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဖြစ်သည့် သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်တို့ကိုလည်း ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။  

ရပ်ကွက်အလိုက် ယိမ်းအဖွဲ့များ၊ ဌာနဆိုင်ရာ ယိမ်းအဖွဲ့များ ကပြဖျော်ဖြေမည်ဖြစ်ကြောင်း၊ တေးဂီတ ဖျော်ဖြေမှုများအနေဖြင့် နိုင်ငံကျော် တေးသံရှင်များက သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတတ်နေ့အထိ သီဆိုဖျော်ဖြေပေးသွားမည်ဖြစ်ပြီး စတုဒိသာကျွေးမွေးမှုများလည်း စီစဉ်ထားရှိကြောင်း သိရသည် ။(Xinhua)