Media
မြန်မာနိုင်ငံ ကမ္ဘာ့အမွေအနှစ် ပုဂံဒေသတွင် ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အကြိုနေ့နှင့် အကျနေ့ မြင်ကွင်းများ
ပုဂံ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ပုဂံဒေသတွင် မြန်မာ့ရိုးရာအတာသင်္ကြန်အကြိုနေ့ လမ်းလျှောက်သင်္ကြန် မြင်ကွင်းများ၊ ရေကစားနေကြမှုများနှင့် စတုဒိသာ ကျွေးမွေးမှု မြင်ကွင်းများကို ဧပြီ ၁၃ ရက်နှင့် ဧပြီ ၁၄ ရက်တို့တွင် ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်တွင် ယူနက်စ်ကိုက လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Representative List of the Intangible Cultural Heritage of Humanity) အဖြစ် တရားဝင်သတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအနက် ပထမဆုံး ယူနက်စ်ကို စာရင်းဝင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
