Connect with us

Media

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကျနေ့၌ ပြည်သူများ ရေသဘင်ပွဲ ပါဝင်ဆင်နွှဲလျက်ရှိ

ပဲခူး၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပလျက်ရှိရာ  ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့တွင် ရေသဘင်ပွဲပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဗဟိုမဏ္ဍပ်၌ နိုင်ငံကျော်သရုပ်ဆောင်တေးသံရှင်များနှင့် ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ရပ်ကွက်/ကျေးရွာအုပ်စုတို့မှ ယိမ်းအဖွဲ့များ၏ ဧည့်ခံဖျော်ဖြေမှုတို့နှင့်အတူ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈) မြို့နယ်ရှိ ဗဟိုမဏ္ဍပ်များ၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ဆင်နွှဲကျင်းပလျက်ရှိကြောင်း သိရသည်။(Xinhua)