Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးများ ဆွေးနွေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးစဉ်(MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine SchranerBurgenerတို့သည် ဇန်နဝါရီ ၂၂ ရက်တွင် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးစဉ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ် Ms. Christine SchranerBurgener နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်းစီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းတည်ငြိမ် ရေးနှင့် ဇန်နဝါရီ ၄ ရက်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် လွှတ်တော်သို့သွားရောက်ပြီး ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းနှင့် တွေ့ဆုံကာ ပြည်နယ်လွှတ်တော်ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ရခိုင်ပြည်နယ် ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ လည်းကောင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.