Videos
ပန်ဒါများ သို့မဟုတ် တရုတ်နိုင်ငံ၏ အမျိုးသားအမွေအနှစ်ရတနာများ
စီချွမ်၊ မတ် ၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံအနောက်တောင်ပိုင်းစီချွမ်ပြည်နယ်တွင် ချန်ဒူးပန်ဒါကြီးများထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတွင် ချစ်စဖွယ်ပန်ဒါလေးများ၏ ပုံရိပ်မြင်ကွင်းများကို ဆင်ဟွာသတင်းဋ္ဌာနက သွားရောက်ရိုက်ကူးခဲ့ပါသည်။
ပန်ဒါလေးများ၏ သွားများမှာ ဝါးချောင်းများ၊ ဝါးမြစ်များကို ကိုက်ဖြတ်စားသောက်နိုင်သည့်သဘာဝ ရှိသည်။ ပန်ဒါများမှာ များသောအားဖြင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် တွင် နေထိုင်ကြပြီး အနီးတစ်ဝိုက်ပြည်နယ်များဖြစ်သည့်ရှန်ရှီးနှင့် ကန်းစု ပြည်နယ်တို့တွင်လည်း နေထိုင်ကျက်စားကြသည်။ ၎င်းတို့မှာ တရုတ်နိုင်ငံ၏ အမျိုးသားအမွေအနှစ်ရတနာများဖြစ်ကြပြီး ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုပြယုဂ်လည်းဖြစ်သည်။ (Xinhua)