Connect with us

Africa & Middle East

အီရန်နိုင်ငံ၏ အမျိုးသားဘောလုံးအသင်းမှ တက်တူးထိုးထားသည့် ဘောလုံးသမားများကို ထုတ်ပယ်

တက်တူးထိုးထားသည့် အီရန် ဘောလုံးသမားတစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ ၏ အမျိုးသားဘောလုံးအသင်း တွင် တက်တူးထိုးထားသော အီရန်နိုင်ငံသား ဘောလုံးသမားများအတွက် နေရာမရှိကြောင်း Tehran Times သတင်းက မတ် ၁၈ ရက်တွင်ဖော်ပြခဲ့သည်။

အီရန်နိုင်ငံ ဘောလုံးအသင်းချုပ် က အမျိုးသားဘောလုံးအသင်းသို့ တက်တူးထိုးထားသည့် ဘောလုံးသမားများ ခေါ်ယူခြင်းကို တားဆီးရမည်ဟု ပြောကြားခဲ့ကြောင်း သတင်း၌ပါရှိသည်။

အီရန်နိုင်ငံ ဘောလုံးအသင်းချုပ် ၏ တိုင်းရင်းသားကော်မတီ သည် ဘောလုံးသမားများအနေဖြင့် ဘောလုံးကွင်း၌ ကစားစဉ် ၎င်းတို့၏ တက်တူးများကို ဖုံးအုပ်ထားရန် ယခင်က အကြိမ်ပေါင်းများစွာ သတိပေးခဲ့ပြီး တက်တူးရှိခြင်းသည် ပညာရှင်မပီသခြင်းဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။

လက်မောင်းတွင် တက်တူးထိုးထားသော အီရန်ဘောလုံးသမားများသည် ဘောလုံးကွင်းထဲသို့ ဝင်ရောက်ရာတွင် လက်ရှည်အင်္ကျီများကို အမြဲဝတ်ဆင်ထားပြီး ၎င်းတို့အသင်း၏ ကစားပွဲများတွင် လက်တိုအင်္ကျီများကို ဝတ်ဆင်ကြကြောင်း သိရသည်။

အားကစားသမားများသည် လူငယ်မျိုးဆက်အတွက် အစ္စလာမ်မစ်တန်ဖိုးကို မြှင့်တင်ရန်အတွက် တာဝန်ရှိသော စံပြပုဂ္ဂိုလ်များအဖြစ် အီရန်နိုင်ငံက သတ်မှတ်ထားကြောင်း သိရသည်။

အီရန်နိုင်ငံပိုင် သတင်းမီဒီယာက က တက်တူးထိုးခြင်းသည် အနောက်တိုင်းယဉ်ကျေးမှု၏ ပုံစုံတစ်ခု (သို့) အစ္စလာမ်လူမှုအသိုင်းအဝိုင်း ၏ ယဉ်ကျေးမှုကို အနောက်တိုင်းယဉ်ကျေးမှုက ကျူးကျော်ဝင်ရောက်ခြင်း၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း သတ်မှတ်ပြောဆိုခဲ့သည်။

Tehran Times က ဘောလုံးသမားများ၏ ခန္ဓာကိုယ်ပေါ်မှ တက်တူးများသည် အီရန်နိုင်ငံ၏ ယဉ်ကျေးမှု ကို ဆန့်ကျင်ခြင်းဖြစ်ပြီး အီရန်လူမှုအသိုင်းအဝိုင်းကို ထိခိုက်စေသည်ဟု ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.