Videos
နိုင်ငံတကာ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ရေလုပ်ငန်းဆိုင် ရာ ကုန်စည်ပြပွဲ နှင့် ဟောပြောပွဲ ကျင်းပ
 
																								
												
												
											ရန်ကုန် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
နိုင်ငံတကာ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ရေလုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲ နှင့် ဟောပြောပွဲ အခမ်းအနားအား စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့၌ စတင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနား တွင် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာခင်လှိုင် က ယခုလို ပွဲများသည် မိမိတို့၏ အသိပညာ ဗဟုသုတများ နှင့် လယ်ယာ စိုက်ပျိုးရေး စနစ်များကို အဆင့် မြှင့်တင် ရန် များစွာ အကူအညီဖြစ်စေကြောင်း ပြောကြားခဲ့သည်။
ယခု ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးမွေးမြူရေး နှင့် ရေလုပ်ငန်းဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲ နှင့် ဟောပြောပွဲ (6th International Exhibition and Conference on Agriculture, Livestock and Aqua Fisheries) သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း နှင့် ရေလုပ်ငန်းက တွင် မြန်မာ နှင့် နိုင်ငံတ ကာ စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်နိုင်ရန် နှင့် စီးပွားရေးလုပ်ငန်း ချဲ့ထွင်ရာမှာ အထောက်အကူပေးနိုင်ရန် ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်းဖြစ်သည်။
ဆဌမအကြိမ်မြောက် နိုင်ငံတကာ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ရေလုပ်ငန်းဆိုင် ရာ ကုန်စည်ပြပွဲ နှင့် ဟောပြောပွဲအား စက်တင်ဘာ ၂၆ ရက် မှ ၂၈ ရက် အထိ ရန်ကုန်မြို့ ၌ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲတွင် ကနေဒါ၊ အီတလီ ၊ ထိုင်း ၊ ဗီယက်နမ်၊ ကိုရီးယား၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ အစ္စရေး စသော နိုင်ငံများမှ ၎င်းတို့၏ ကုန်ပစ္စည်းများကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ပြပွဲကို မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ သစ်သီး ဝလံ၊ ပန်းမာန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း နှင့် မြန်မာနိုင်ငံ အလှမွေး ငါးလုပ်ငန်းရှင်များ အသင်း တို့၏ ပံ့ပိုးပြီး Minh Vi Exhibition & Advertising Service Co; Ltd (VEAS) မှစီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)
