Connect with us

Videos

Jack Ma နှင့် Alibaba ဖောင်ဒေးရှင်းတို့ မှ မြန်မာ သို့ COVID-19 ရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်း 

ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဖောင်ဒေးရှင်းများ ဖြစ်ကြသည့် ဂျက်မား(Jack Ma) နှင့် အလီဘာဘာ(Alibaba) ဖောင်ဒေးရှင်းတို့မှ မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး လုပ်ငန်းကို အထောက်အကူပြုရန် အတွက် N95 နှာခေါင်းစည်း(Mask) တစ်သိန်း ၊ ဓာတ်ခွဲစစ်ဆေးကိရိယာ(Detection Kits) ၂၈,၈၀၀ ကို မတ် ၃၀ ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

အခမ်းအနားတွင်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံမှူးကြီး ဒေါ်နွဲ့ကလျာ(Ms. Li Xiaoyan) က ပေးအပ်လှူဒါန်းရသည့် အကြောင်းကို ထည့်သွင်း ပြောကြားခဲ့ပြီးနောက် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရထံသို့ COVID-19 ရောဂါတိုက်ဖျက်ရေး ပစ္စည်းများအား မတ် ၁၇ ရက်တွင် ပထမ အသုတ် လူဦးရေ ၂,၀၁၆ ဦးစာ COVID-19 ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲစစ်ဆေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒုတိယ အသုတ်  တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၅,၀၀၀ ၊ N95 နှာခေါင်းစည်း ၅,၀၀၀ နှင့် တစ်ခါသုံးနှာခေါင်းစည်း ၂ သိန်းတို့အား မတ် ၂၆ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ၊ ထို့အတူ မြန်မာဘက်၏ အခက်အခဲ နှင့် လိုအပ်ချက် အပေါ် မူတည်ပြီး တရုတ်ဘက်က မြန်မာနိုင်ငံကို အပူချိန်တိုင်း ကိရိယာများ ပို့ဆောင်ရန် စီစဉ်နေပြီး အမြန်ဆုံး လွှဲပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.