Connect with us

WORLD

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၇ သောင်းကျော် ရှိပြီး သေဆုံးသူ ၂,၂၉၃ ဦးအထိ မြင့်တက် 

အိန္ဒိယနိုင်ငံ တစ်ဝှမ်း lockdown ပြုလုပ်ထားမှုကြောင့် နေရပ်သို့ ပြန်ရန် ရထားဘူတာသို့ ရောက်ရှိလာသည့် အလုပ်သမားများအား မေ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ မေ ၁၂ ရက်(ဆင်ဟွာ) 

အိန္ဒိယ နိုင်ငံ၌ မေ ၁၂ ရက် နံနက်ပိုင်းအထိ COVID-19 ရောဂါကြောင့် လူနာ ၈၇ ဦး ထပ်မံ သေဆုံးခဲ့ပြီး မေ ၁၁ ရက်မှ စ၍ ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၃,၆၀၄ ဦး ထံမံတိုးလာခြင်းနှင့်အတူ သေဆုံးသူ အရေအတွက်မှာ ၂,၂၉၃ ဦးထိ ရောက်ရှိသွားပြီဖြစ်နှင့် စုစုပေါင်း ရောဂါ ဖြစ်ပွားသူ ၇၀,၇၅၆ ဦး ရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ 

နိုင်ငံအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဖြင့် ဆက်စပ်၍ သေဆုံးသူသည် ယနေ့ မေ ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ အချိန်ထိ ၂,၂၉၃ ဦး အထိ ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အိန္ဒိယ နိုင်ငံ၌ မေ ၁၁ ရက် နံနက်ပိုင်းအထိ COVID-19 ရောဂါ ဖြစ်ပွားသူ  ၆၇,၁၅၂ ဦး ရှိပြီး သေဆုံးသူ ၂,၂၀၆ ဦး ရှိခဲ့သည်။ ယခုအချိန်ထိ လူပေါင်း ၂၂,၄၅၅ ဦးသည် ရောဂါ ပြန်လည်သက်သာ ကောင်းမွန်လာပြီးနောက် ဆေးရုံမှ ဆင်းသွားခဲ့ကြပြီ ဖြစ်ကြောင်း ကျန်းမာရေး တာဝန်ရှိသူများထံမှ သိရသည်။ 

ယခုအခါ နိုင်ငံအတွင်း ဆေးကုသမှုခံယူနေရဆဲ COVID-19 ရောဂါ ဝေဒနာရှင် ၄၆,၀၀၈ ဦးသာ ကျန်ရှိတော့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အိန္ဒိယ နိုင်ငံ ဗဟို အစိုးရက ကူးစက်ရောဂါ ပြန့်ပွားမှုအား ထိန်းချုပ်ရန် နိုင်ငံတစ်ဝှမ်း lockdown အစီအစဉ် ပြုလုပ်ထားသည်မှာ မေ ၁၂ ရက်တွင် ၄၉ ရက်ရှိပြီ ဖြစ်ကြောင်း သိရသည်။အဆိုပါ lockdown အစီအစဉ်ကို မတ် ၂၅ ရက်တွင် ကြေညာခဲ့ပြီး မေ ၁ ရက်တွင် မေ ၁၇ ရက် အထိ သက်တမ်းတိုးမည့်မည့် အမိန့်ကို ဒုတိယ အကြိမ် ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.