Connect with us

WORLD

ဂျာမနီနိုင်ငံ အသားထုတ်စက်ရုံနောက်ထပ်နှစ်ခုတွင် အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုဖြစ်ပွါးနေသည်ကို ထပ်မံတွေ့ရှိ

ဂျာမနီနိုင်ငံ North Rhine-Westphalia(NRW) ပြည်နယ် Güterslohခရိုင်တွင် လော့ခ်ဒေါင်းချ၍ ရောဂါစစ်ဆေးမှုများပြုလုပ်နေသည်ကို ဇွန် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင်၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ အသားထုတ်စက်ရုံနောက်ထပ်နှစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက် ကူးစက်ခံရမှုဖြစ်ပွါးနေသည်ကို ထပ်မံတွေ့ရှိရကြောင်း ဂျာမနီ မီဒီယာများ၏ ဇွန် ၂၄ ရက် သတင်းများအရ သိရသည်။

ဂျာမနီနိုင်ငံ Lower Saxony ပြည်နယ် Oldenburgမြို့အနီးရှိ ကြက်ဆင်သားသတ်ရုံတစ်ခုရှိ ဝန်ထမ်းအလုပ်သမား ၃၅ ဦး တွင် ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရကြောင်း  သိရသည်။  လက်ရှိတွင် ယင်းသားသတ်ရုံရှိ ကူးစက်ခံရသူအားလုံးနှင့် ထိတွေ့ဆက်ဆံသူများကို သီးခြားခွဲထားကြောင်းနှင့် ဇွန် ၂၄ ရက်တွင် ဝန်ထမ်းအားလုံးကို ရောဂါစတင်စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံ North Rhine-Westphalia(NRW) ပြည်နယ် Güterslohခရိုင်တွင် လော့ခ်ဒေါင်းချ၍ ရောဂါစစ်ဆေးမှုများပြုလုပ်နေသည်ကို ဇွန် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထို့အပြင် Lower Saxony ပြည်နယ် Cloppenburg ရှိ အသားထုတ်စက်ရုံတွင်လည်း အတည်ပြုလူနာ ၄ ဦး တွေ့ရှိခဲ့ရာ ယင်းစက်ရုံရှိ ဝန်ထမ်း ၃၅၀ ဦး ကို ရောဂါစစ်ဆေးပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ထိုမတိုင်မီက North Rhine-Westphalia(NRW) ပြည်နယ် Güterslohခရိုင်ရှိ Toenniesအသားထုတ် စက်ရုံတွင် အစုလိုက်အပြုံလိုက်ရောဂါကူးစက်မှုဖြစ်ပွားခဲ့ရာ အတည်ပြုကူးစက်ခံရသူ  ၁,၅၅၀ ကျော် ရှိသည်။ ဇွန် ၂၃ ရက်တွင် ယင်းစက်ရုံရှိ Güterslohခရိုင်နှင့် ၎င်းအနီးရှိ Kreis Warendorfခရိုင်ကို လော့ခ်ဒေါင်းလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဂျာမနီနိုင်ငံ North Rhine-Westphalia(NRW) ပြည်နယ် Güterslohခရိုင်တွင် လော့ခ်ဒေါင်းချ၍ ရောဂါစစ်ဆေးမှုများပြုလုပ်နေသည်ကို ဇွန် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ North Rhine-Westphalia(NRW) ပြည်နယ် Güterslohခရိုင်တွင် လော့ခ်ဒေါင်းချ၍ ရောဂါစစ်ဆေးမှုများပြုလုပ်နေသည်ကို ဇွန် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ North Rhine-Westphalia(NRW) ပြည်နယ် Güterslohခရိုင်တွင် လော့ခ်ဒေါင်းချ၍ ရောဂါစစ်ဆေးမှုများပြုလုပ်နေသည်ကို ဇွန် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ RKI သုတေသနဌာန(the Robert Koch Institute)၏ ဇွန် ၂၄ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနေ့ ၀၀:၀၀ နာရီအထိ ဂျာမနီ၏ COVID-19အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ထက် ၅၈၇ ဦး ထပ်တိုးလာရာ  စုစုပေါင်း ၁၉၁,၄၄၉ ဦး၊ ထပ်တိုးသေဆုံးသူ ၁၉ ဦး ဖြင့် စုစုပေါင်းသေဆုံးသူ ၈,၉၁၄ ဦး ၊ စုစုပေါင်းရောဂါကုသပျောက်ကင်းသွားသူ ၁၇၆,၃၀၀ ဦး အသီးသီးရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.