Connect with us

Education & Health

မန္တလေး တိုင်းဒေသကြီးတွင်း ကြက်ငှက် တုပ်ကွေးရောဂါ ကူးစက်မှု မရှိစေရန် အဓိက ဝင်ပေါက်များကို စစ်ဆေးမည်

မြန်မာနိုင်ငံ အတွင်းရှိ မွေးမြူရေး ကြက်ခြံတစ်ခြံ အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

မန္တလေး တိုင်းဒေသကြီး အတွင်း ကြက်ငှက် တုပ်ကွေးရောဂါ ကူးစက်မှု မရှိစေရန်အတွက် အဓိက ဝင်ပေါက် နေရာများကို သတ်မှတ်၍ ရောဂါ ကြိုတင်ကာကွယ်မှု လုပ်ငန်းများကို စစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ကြက်ငှက် တုပ်ကွေး ရောဂါ ကူးစက်မှု မရှိစေရန် အတွက် မန္တလေးနှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ထားသည့် ဧရာဝတီ တံတား (ရတနာပုံ) နှင့် ရွှေဘိုမြို့နှင့် စဉ့်ကူးမြို့တို့ကို ဆက်သွယ်ထားသည့် ရတနာသိင်္ဃ တံတားနှစ်စင်းတို့ ၌ ကြက်များ ဝင်ရောက်မှုအား စစ်ဆေး သွားမည် ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ကြက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင် ရွက်နေသူများအနေဖြင့် ၎င်းတို့၏ ကြက်ခြံများတွင် ကြက်ငှက် တုပ်ကွေး ရောဂါ ကူးစက်မှု မရှိစေရန် ကြိုတင် ကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက်ထားကြသည်။

လက်ရှိ အခြေအနေတွင် မန္တလေး ကြက်သား ရောင်းဝယ်ရေး ဈေးကွက် အနေဖြင့် အပူရှိန် မြင့်မားမှုကြောင့် အသားတိုး ကြက်များ သေဆုံးမှု များပြားနေပြီး ကြက်သား ထုတ်လုပ်မှု လျော့နည်းလျက် ရှိသဖြင့် ဈေးနှုန်းမှာ မြင့်တက်လျက် ရှိသည်။ (Xinhua)