Connect with us

Asia

အမေရိကန်နိုင်ငံဖက်က F-16 တိုက်လေယာဉ်အရောင်းအဝယ်ကိစ္စ မတင်မကျ လုပ်နေသည်ကို အဆုံးသတ်ရန် ပါကစ္စတန်တောင်းဆို

အမေရိကန်နိုင်ငံထုတ် F-16 တိုက်လေယာဉ်တစ်စင်းအား တွေ့ရပုံ (ဆင်ဟွာ)

အစ္စလမ်မာဘတ် ၊ မေ ၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၏ လေယာဉ်ဝယ်ယူမှုအတွက် အမေရိကန်နိုင်ငံက ဘဏ္ဍာရေးထောက်ပံ့နေမှုကို ရပ်ဆိုင်းရန် သမ္မတအိုဘားမားအစိုးရအဖွဲ့အား တားမြစ်ခံထားရပြီးနောက်တွင်ပင် ပါကစ္စတန်နိုင်ငံအနေဖြင့် F-16 တိုက်လေယာဉ်များ ပိုင်ဆိုင်ခွင့်ရရန်အတွက် နှစ်နိုင်ငံ ဆွေးနွေးမှုများထပ်မံ ပြုလုပ်သွားမည်ဟု ပါကစ္စတန် အရာရှိများကပြောကြားလိုက်သည်။

အမေရိကန်အုပ်ချုပ်ရေးပိုင်းက ပါကစ္စတန်နိုင်ငံအား F-16 တိုက်လေယာဉ်များ ကူညီသွားရန် ရှိသော်လည်း အမေရိကန်ကွန်ဂရက်၏ နိုင်ငံခြားရေးရာကော်မတီ(ခွဲ)မှ ဥပဒေပြုအမတ်များသည် အဆိုပါငွေကြေးထောက်ပံ့မှုများကို ကန့်ကွက်ခဲ့ကြသည်။

အမေရိကန်လွှတ်တော်တွင် သြဇာြင်္ကီးမားသည့် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဖြစ်သူ လွှတ်တော်အမတ် Bob Corker က ငွေကြေးထောက်ပံ့မှုများကို ရပ်ဆိုင်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန်ဒေါ်လာ သန်း ၇ဝဝ တန်ဖိုးရှိ ဂျက်တိုက်လေယာဉ် ၈ စင်းအတွက် ပါကစ္စတန်နိုင်ငံက ဒေါ်လာ ၂၇ဝ သန်းမျှသာ ပေးအပ်သွားရမည်ဖြစ်သည်။ သမ္မတအိုဘားမားအစိုးရအဖွဲ့သည် ကျန်ရှိနေသော အမေရိကန်ဒေါ်လာ သန်း ၄၃ဝ အတွက် အမေရိကန်တပ်မတော်၏ နိုင်ငံခြားတိုင်းပြည်ထောက်ပံ့ရေးအစီအစဉ် ဘက်ဂျက်ငွေထဲမှ ထုတ်ယူသွားရန် စီစဉ်ထားသည်။
ပါကစ္စတန်နိုင်ငံ အစ္စလမ်မာဘတ်မြို့ရှိ အရာရှိများက အဆိုပါ ဂျက်လေယာဉ် ၈ စင်းသည် အကြမ်းဖက်သမားများအား နှိမ်နင်းရန်အတွက် ဟုဆိုသည်။ “ အမေရိကန်နိုင်ငံက F-16 တိုက်လေယာဉ် ၈ စင်းရောင်းချပေးမယ့် ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြားဆွေးနွေး နေဆဲပါပဲ” ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးရုံး ပြောခွင့်ရပုဂ္ဂိုလ် Nafees Zakariya က မေ ၁ ရက်တွင်ပြောသည်။
“ အကြမ်းဖက်ဝါဒကို အမြစ်ဖြတ်ဖို့က နိုင်ငံတစ်နိုင်ငံထဲရဲ့တာဝန်မဟုတ်သလို တစ်နိုင်ငံထဲကပဲ လုပ်လို့မရပါဘူး။ နိုင်ငံအားလုံးက အပြန်အလှန်ပူးပေါင်း လုပ်ဆောင်ကြဖို့လိုအပ်ပါတယ်” ဟု Zakariya ကမီဒီယာသမားများအားပြောကြားခဲ့သည်။
“ အမေရိကန် ဥပဒေပြုအမတ်များက F-16 လေယာဉ်ရောင်းချမယ့် ကိစ္စကို ကန့်ကွက်နေလင့်ကစား အဲဒီလေယာဉ်ရောင်းမယ့် ကိစ္စဟာ စားပွဲပေါ်မှာ ရှိနေဆဲပါပဲ” ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန အထူးလက်ထောက် Tariq Fatemi က မှတ်ချက်ပြုပြောကြားခဲ့သည်။
F-16 သည် အကြမ်းဖက်သမား စစ်ဆင်ရေးအတွက် အလွန်အသုံးဝင်ကြောင်း နှင့် ပါကစ္စတန်နိုင်ငံအနေဖြင့် အကြမ်းဖက်ဝါဒ နှိမ်နင်းရေးအတွက်အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ အသုံးပြုထားပြီးဖြစ်ကြောင်း F-16 လေယာဉ်အရောင်းအဝယ်ကိစ္စ နှင့်ပတ်သက်ပြီး Fatemi က ခုခံပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.