Connect with us

Africa & Middle East

တောင်ဆူဒန်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့မှ တရုတ်စစ်သားများက UN ဝန်ထမ်းများအား တိုက်ချိ ကစားနည်း လေ့ကျင့် သင်ကြားပေး

ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် တရုတ်စစ်သားများ ကုလသမဂ္ဂ ဝန်ထမ်းများအား တိုက်ချိ ကစားနည်း လေ့ကျင့်ပေးနေစဉ် (ဆင်ဟွာ)

ဂျူဘ ၊ မေ ၁၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး အစီအစဉ်ဖြင့် အာဖရိကတိုက်ရှိ တောင်ဆူဒန်နိုင်ငံတွင် သွားရောက် တာဝန်ထမ်းဆောင်နေကြသော တရုတ်နိုင်ငံမှ စစ်သားများသည် ၎င်းနိုင်ငံသို့ရောက်ရှိနေကြသော ကုလသမဂ္ဂ ဝန်ထမ်းများအား တိုက်ချိ အားကစားနည်း လေ့ကျင့် သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။

နှစ်နှစ်ကျော်ကြာ ဖြစ်ပွားနေသော တောင်ဆူဒန်နိုင်ငံ ပြည်တွင်းစစ်ကို ကြားဝင် ထိန်းသိမ်းရန် အတွက် ကုလသမဂ္ဂသည် ၎င်း၏ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များကို စေလွှတ်ထားကြောင်း သိရသည်။ အဆိုပါ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့တွင် တရုတ်နိုင်ငံမှ တပ်ဖွဲ့ဝင် ၁,ဝဝဝ ခန့် ပါဝင်လျက်ရှိရာ ၎င်းတို့ထဲမှ ၇ဝဝ ဦးသည် ဆူဒန်နိုင်ငံမြို့တော် ဂျူဘမြို့ စစ်မြေပြင်တွင် တာဝန်ထမ်းဆောင် နေကြပြီး ကျန် ၃ဝဝ ဦးမှာ နိုင်ငံ အနောက်မြောက်ပိုင်း ဝူမြို့ရှိ အင်ဂျင်နီယာ ကုမ္ပဏီတွင် တာဝန် ထမ်းဆောင်နေကြသည်။

ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် တရုတ်စစ်သားများ ကုလသမဂ္ဂ ဝန်ထမ်းများအား တိုက်ချိ ကစားနည်း လေ့ကျင့်ပေးနေစဉ် (ဆင်ဟွာ)

ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် တရုတ်စစ်သားများ ကုလသမဂ္ဂ ဝန်ထမ်းများအား တိုက်ချိ ကစားနည်း လေ့ကျင့်ပေးနေစဉ် (ဆင်ဟွာ)

ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် တရုတ်စစ်သားများ ကုလသမဂ္ဂ ဝန်ထမ်းများအား တိုက်ချိ ကစားနည်း လေ့ကျင့်ပေးနေစဉ် (ဆင်ဟွာ)
မကြာသေးခင် ကာလမှ စတင်ကာ ဝူမြို့သို့ရောက်ရှိနေသော ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့မှ တရုတ်စစ်သားများသည် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် ကုလသမဂ္ဂ ဝန်ထမ်းများအား တရုတ်ရိုးရာ ကိုယ်ခံပညာ တိုက်ချိ အားကစားနည်းကို စတင်လေ့ကျင့် သင်ကြားပေးနေကြောင်း သိရသည်။
တောင်အာဖရိကတိုက် လိုက်ဘေးရီးယား နိုင်ငံတွင် တာဝန် ထမ်းဆောင်လျက် ရှိသည့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့တွင်လည်း တရုတ်နိုင်ငံမှ တပ်ဖွဲ့ဝင် ၅ဝဝ ကျော် ပါဝင်လျက်ရှိပြီး ၎င်းတို့ထဲတွင် တရုတ်အမျိုးသမီး တပ်ဖွဲ့ဝင် ၆ ဦး ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.