Connect with us

Videos

သက်ကြီးရွယ်အိုများအားကူညီပေးနိုင်သည့် စက်ရုပ်များအသုံးပြုလာ

ဟန်ကျိုး၊ မေ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်းကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့ ရှိ ဟန်ကျိုးလူမှုဝန်ထမ်းကယ်ဆယ်ရေးစင်တာတွင် သက်ကြီးရွယ်အို ၁၃ဝဝ တို့အတွက် အချိန်မှန်ဆေးတိုက်ကျွေးခြင်းကို စက်ရုပ် ၅ ရုပ်က တာဝန်ယူဆောင်ရွက် ပေးနေပြီဖြစ်သည်။
စက်ရုပ်များတွင် သက်ကြီးရွယ်အိုများအတွက် အချိန်မှန်ဆေးတိုက်ကျွေးနိုင်သည့် ပရိုဂရမ်ကို ထည့်သွင်းပေးထားသည့် အပြင် သူနာပြုလုပ်ငန်းကိုပါ ဆောင်ရွက်နိုင်စေမည်ဖြစ်သည်။
အဆိုပါစက်ရုပ်များကို Woosiyuan Telecom Technology Co. Ltd က ထုတ်လုပ်ပေးထားခြင်းဖြစ်ပြီး စမ်းသပ်ထုတ်လုပ်ဆဲအဆင့်တွင်သာရှိသေးကြောင်းသိရသည်။ A-Tie စက်ရုပ်များကို အိုင်းရွန်းဟု အမည်ပေးထားကာ ဝ.၈ မီတာ အမြင့်ရှိပြီး ၁၅ ကီလိုဂရမ်အလေးချိန်ရှိသည်။ အသက် ၂ နှစ် ၃ နှစ်အရွယ်ကလေးတစ်ယောက်နှင့်ဆင်တူသည်။
စက်ရုပ်များကို မိုဘိုင်းဖုန်း application (သို့မဟုတ်) Touch Screenများဖြင့် ထိန်းချုပ်ထားနိုင်ပြီး Video Call များခေါ်ခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်းနှင့် တီဗီကြည့်ခြင်းများကို လည်းဆောင်ရွက်နိုင်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.