Videos
ဥရောပတိုက်မြောက်ပိုင်း၏ အကြီးကျယ်ဆုံးဒီဇိုင်းပွဲတော်ပြုလုပ်ခဲ့
ဟယ်ဆင်ကီ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
Helsinki Design Week ဟုသိကြသည့် ဥရောပတိုက်မြောက်ပိုင်း၏ အကြီးကျယ်ဆုံးသော ဒီဇိုင်းပွဲတော်ကို ၁၂ကြိမ်မြောက်အဖြစ် ယခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့သည်။ ထိုဒီဇိုင်းပြပွဲတွင် ပြပွဲပေါင်း ၂၅ဝ ကျော်ကိုပါ ထည့်သွင်းပြသခဲ့သည်။ အဆိုပါပွဲတော်တွင် အစည်းအဝေးကျင်းပရာနေရာ၊ ဆွေးနွေးပွဲ ပြုလုပ်ရန် ဒီဇိုင်းအပြင်အဆင် စသဖြင့် စိတ်ပါဝင်စားသူများနှင့် ပညာရှင်များအတွက် စီစဉ်ပြသပေးခဲ့သည်။ ပြပွဲတွင် အလုပ်ရုံဆွေးနွေးပွဲများ၊ ပြပွဲများ၊ ဖက်ရှင်ရှိုးပွဲများ၊ ဆွေးနွေးပွဲများနှင့် ဖျော်ဖြေပွဲများလည်းပါဝင်ခဲ့ကာ စိတ်ဝင်တစားလာရောက်ကြသူများပြားခဲ့ကြောင်းသိရသည်။ (Xinhua)