Videos
တရုတ်နိုင်ငံ မှ ကုန်ကျစရိတ်သက်သာသည့် ကားရထား ထုတ်လုပ်
ရှန်ရှီး၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
ပြီးခဲ့သည့်အောက်တိုဘာလဆန်းပိုင်းက တရုတ်နိုင်ငံ၏ ခေတ်ရှေ့ပြေး စွမ်းအင်သစ်သုံး မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း ဖြစ်သည့် BYD မှ ပထမဆုံးအနေဖြင့် အကုန်အကျသက်သာသောကားရထားကို မိတ်ဆက်ခဲ့သည်။
အဆိုပါ ကားရထားမှာ သံလမ်းတစ်လမ်းတည်းဖြင့်သာပြေးဆွဲသည့် ရထား(monorail) စနစ် ဖြစ်ပြီး ကုန်ကျစရိတ်အနေဖြင့် ပုံမှန် မြေအောက်ရထားများတည်ဆောက်ရာတွင်ကုန်ကျသည့်စရိတ်ထက် ၅ ပုံ ၁ပုံခန့်ပို သက်သာသည်။ မြေအောက်ရထားများမှာ ပေကျင်း၊ ရှန်ဟိုင်းစသည့် မြို့ကြီးများနှင့်ပိုမိုသင့်တော်ပြီး ယခုကားရထားမှာ အတန်အသင့် သေးငယ်သောမြို့များတွင်ပါ အသုံးပြုနိုင်သည်။
ကားရထားတွင် အသုံးပြုထားသည့် ပစ္စည်း ၉ဝ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံ ပြည်တွင်းတွင်သာထုတ်လုပ် ခြင်းဖြစ်သည်ဟုသိရသည်။(Xinhua)