Asia
အင်ဒိုနီးရှား အနောက်ပိုင်းတွင် လှေ နစ်မြုပ်ပြီးနောက် လူ ၂၀ ဦးသေဆုံး၊ ၃၄ ဦး ပျောက်ဆုံး
ဂျကာတာ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
လူပေါင်း ၉၃ ဦးအား တင်ဆောင်ကာ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဘတ်တမ်ကျွန်းမှ နိုဝင်ဘာလ ၂ ရက် အစောပိုင်းက ထွက်လာခဲ့သော လှေတစ်စင်းသည် တိမ်းမှောက်သွားခဲ့ပြီး အနည်းဆုံး လူ ၂၀ ဦး သေဆုံးကာ ၃၄ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဒေသခံနှင့် အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ရုံးများက ပြောကြားခဲ့သည်။
အဆိုပါ လှေသည် မလေးရှားနိုင်ငံမှ ထွက်လာခဲ့ခြင်း ဖြစ်ပြီး ဘတ်တမ်ကျွန်း Tanjung Bebam ရေပြင်တွင် တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း ဘတ်တမ်ကျွန်း သဘာဝဘေးလုပ်ငန်း အရေးပေါ်ဋ္ဌာန၊ ဋ္ဌာနမှူး Azman MP က ပြောသည်။
ရာသီဥတု ဆိုးဝါးခြင်းနှင့် ဝန်ပို တင်ဆောင်ခြင်းတို့ကြောင်း လှေတိမ်းမှောက်ရခြင်း ဖြစ်ကြောင်း Azman က ဆင်ဟွာသို့ ပြောသည်။
ပျောက်ဆုံးနေသူများအား ရှာဖွေနေဆဲ ဖြစ်ကြောင်း၊ လူပေါင်း ၃၉ ဦးအား ကယ်ဆယ်ပြီး ဖြစ်ကြောင်း၊ အဆိုပါ လှေပိုင်ရှင်မှာ မလေးရှားနိုင်ငံသား သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံသား ဖြစ်သည်ကို ရှင်းလင်းစွာ မသိရသေးပေ။
ကျွန်းပေါင်း ၁၇၅၀၀ ကျော်ရှိသည့် အင်ဒိုနီးရှားနိုင်ငံသည် သယ်ယူပို့ဆောင်ရေးအတွက် ရေကြောင်းလမ်းအား အများဆုံး အသုံးပြုနေရသည့် ကျွန်းစုနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ (Xinhua)