Videos
အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ အတွက် ဆန္ဒမဲများပေးခဲ့ကြသည့်ပြည်သူများ၏ ရင်ဖွင့်စကားသံများ
နယူးယောက်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ တစ်ဝန်းလုံး၌ သမ္မတရွေးချယ်ပွဲအတွက် မဲရုံများ နိုဝင်ဘာလ ၈ ရက် ၌ ဖွင့်လှစ်ကာ နိုင်ငံသားများက ဆန္ဒမဲများ ပေးနေပြီ ဖြစ်သည်။
ယခု ရွေးကောက်ပွဲ၌ အမေရိကန်နိုင်ငံ၏ အဓိက ပြိုင်ဘက်ပါတီကြီး နှစ်ခု၏ သမ္မတလောင်းများဖြစ်သည့် ရီပက်ဘလစ်ကန် ပါတီမှ ဒေါ်နယ် ထရမ့်နှင့် ဒီမိုကရက်တစ်ပါတီမှ ဟီလာရီ ကလင်တန်တို့အား ရွေးချယ် မဲပေးကြမည် ဖြစ်သည်။ ဆန္ဒမဲများပေးခဲ့ကြသည့်ပြည်သူများ၏ ရင်ဖွင့်စကားသံများအားဆင်ဟွာသတင်းဋ္ဌာနမှ ယခုကဲ့သို့မေးမြန်းခဲ့သည်။ (Xinhua)