Connect with us

Asia

အမေရိကန်အား တိုက်ခိုက်ပြောဆိုတော့မည် မဟုတ်ကြောင်း ဒူတာတေး ကတိပြု

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် နှင့် ဖိလစ်ပိုင်သမ္မတ ဒူတာတေး အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်သမ္မတ ဒူတာတေး က အမေရိကန်သမ္မတ အဖြစ် ထရန့် ရွေးချယ်တင်မြှောက်ခံရသည့်အတွက် အမေရိကန်အား တိုက်ခိုက်ပြောဆိုမှုများ ပြုလုပ်တော့မည်မဟုတ်ကြောင်း ကတိကဝတ်ပြုပြောကြားခဲ့သည်။

နိုဝင်ဘာ ၉ရက် က ကွာလာလမ်ပူမြို့တွင် ဖိလစ်ပိုင် အသိုင်းအဝိုင်းနှင့် မတွေ့ခင် မိန့်ခွန်းပြောပွဲတစ်ခု၌ ဒူတာတေးက ထရန့်အနိုင်ရရှိသွားသည့်အတွက် အမေရိကန်အား တိုက်ခိုက်ပြောဆိုရန် ဆန္ဒမရှိတော့ကြောင်း ပြောကြားခဲ့သည်။

ဒူတာတေးက “ ကျွန်တော် အမေရိကန် သမ္မတ ထရန့် ကို ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့မှာ တူညီတဲ့အချက်တွေရှိပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် တူညီကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ လွယ်လွယ်နဲ့ ကျိန်ဆဲတတ်လို့ပါ” ဟုပြောကြားခဲ့သည်။

ဒူတာတေးသည် ကွာလာလမ်ပူမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေကြောင်း သိရသည်။

၂၀၁၆ခုနှစ် အစောပိုင်း မဲဆွယ်ပွဲ၌ ဒူတာတေး အား ထရန့် နှင့် နှိုင်းယှဉ်ခဲ့ပြီး အများက ထရန့်နှင့် တူညီသည်ဟု ပြောဆိုကြသည့် ၎င်း၏ ပုံစံကြောင့် “အရှေ့တိုင်း၏ ထရန့်”ဟုပင် နာမည်ပြောင်ရရှိခဲ့ကြောင်း သိရသည်။

ခေါင်းဆောင်နှစ်ဦးစလုံးသည် အသက် ၇၀နှစ် ဝန်းကျင်များဖြစ်ကြပြီး အစိုးရ ရာထူးများ၌ တာဝန်မထမ်းဆောင်ဖူးခဲ့သော်လည်း မဲအရေအတွက် သန်းပေါင်းများစွာဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

အသက် ၇၁နှစ်အရွယ်ရှိ ဒူတာတေးသည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Davaoမြို့ မြို့တော်ဝန်ဟောင်းတစ်ဦး ဖြစ်ပြီး အသက် ၇၀နှစ်အရွယ်ရှိ ထရန့်သည် အစိုးရပိုင်းတွင် အတွေ့အကြုံမရှိသည့် အိမ်ခြံမြေ ဘီလီယံနာတစ်ဦးဖြစ်ကြောင်း သိရသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ Ramon Casiple က ခေါင်းဆောင်နှစ်ဦး စလုံးသည် သမားရိုးကျမဟုတ်ဘဲ အတွေးအခေါ် ထူးခြားသူများဖြစ်ပြီး အမေရိကန်သမ္မတဟောင်း အိုဘားမားထက် နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ထရန့်၏ အောင်မြင်မှုသည် အမေရိကန်-ဖိလစ်ပိုင် ဆက်ဆံရေး အသစ် စတင်မှုတွင် အထောက်အကူပြုနိုင်ကြောင်း ခန့်မှန်းပြောဆိုခဲ့သည်။

ဒူတာတေးသည် ၎င်း၏ မူးယစ်ဆေးဝါးတိုက်ဖျက်မှု စီမံကိန်းနှင့် ပတ်သက်၍ ဝေဖန်ခဲ့သည့် အိုဘားမား နှင့် အမေရိကန်နိုင်ငံအား ပြင်းပြင်းထန်ထန် မှတ်ချက်များပေးခဲ့ကြောင်းသိရသည်။ ဒူတာတေး၏ မူးယစ်ဆေးဝါးတိုက်ဖျက်မှု စီမံကိန်းကြောင့် သံသယရှိသူ ၄,၀၀၀ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.