Videos
တရုတ်နိုင်ငံကခွဲစိတ်ဆရာဝန်ကြီးများ၏ အတုယူဖွယ်ကြိုးစားအားထုတ်မှုများ
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ)
ခေတ်မီဆေးပညာရပ်များ နှင်ခွဲစိတ်ကုသနိုင်သည့်စက်ရုပ်များ မည်မျှပင်တိုးတက်ထွန်းကားလာသည်ဟုဆိုသော်ငြား ခွဲစိတ်အထူးကုဆရာဝန်ကြီးများ၏ အခန်းကဏ္ဍသည် မှေးမှိန်သွားခြင်းမျိုးမရှိဘဲ လူသားတိုင်း အားကိုးအားထားပြုနေရဆဲပင်ဖြစ်သည်။ တရုတ်နိုင်ငံမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးများမှာလည်း လူနာများအပေါ်အထူးကျွမ်းကျင်စွာကုသပေးနိုင်ရန်အတွက် စေတနာထားကာ နည်းလမ်းသစ်များရှာဖွေပြီး ၎င်းတို့၏ လက်တည်ငြိမ်မှု စိတ်တည်ငြိမ်မှုတို့ဖြင့် ခွဲစိတ်စွမ်းရည်ကျွမ်းကျင်စေရန် လေ့ကျင့်လျက်ရှိသည်။
တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်တွင်နေထိုင်သည့် အသက် ၄၈ နှစ်အရွယ်ရှိ Kuang Weiping ဆိုသူ ခွဲစိတ်ဆရာဝန်ကြီးသည် ကြက်ဥ အစိမ်းကို အပြင်အလွှာပါးမပေါက်ထွက်အောင် ၁၀မိနစ်အတွင်း အခွံခွာခြင်းဖြင့် ၎င်း၏ ခွဲစိတ်စွမ်းရည်ကျွမ်းကျင်စေရန် လက်အယူအဆ အချိန်ကိုက် အသက်ကယ်နိုင်သည့်စွမ်းရည်ကိုလေ့ကျင့်သူတစ်ဦးဖြစ်သည်။
ခွဲစိတ်ဆရာဝန်အဖြစ် နှစ်ပေါင်း ၂ဝ ကျော်ကြာရပ်တည်ပြီးနောက် ပိုမိုကျွမ်းကျင်မှု ရှိစေရန်ထိုသို့ထူးထူးဆန်းဆန်းလေ့ကျင့်သူတစ်ဦးဖြစ်သည်။ kuang ကဲ့သို့ပင် Zhou Jianbo ဆိုသူ တရုတ်လူမျိုးခွဲစိတ်အထူးကု ဆရာဝန်ကြီးမှာလည်း စပျစ်သီးအခွံခွာခြင်း၊ နားကြပ်တံအားထမင်းစားတူအဖြစ်အသုံးပြုခြင်းတို့ကြောင့် အင်တာနက်စာမျက်နှာများတွင်ကျော်ကြားခဲ့ဖူးသည်။(Xinhua)