Social
ပုပ္ပားတောင် ဝန်းကျင်တွင် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် စစ်တမ်းကောက်ယူ
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
ပုပ္ပားတောင် ဝန်းကျင်တွင် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် စစ်တမ်းကောက်ယူ မူများကို ၂၀၁၇ ဇန်နဝါရီလ ပထမအပတ်တွင် စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း ပုပ္ပားတောင် ချစ်သူများ အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ သဘာဝအခြေပြု ခရီးသွားလုပ်ငန်း အဖြစ် ဒေသခံကျေးရွာ များ၏ ဓလေ့စရိုက်များ၊ မြန်မာ့ရိုးရာ အစားအစာများ၊ ဆီကြိတ် သရုပ်ပြခြင်း၊ ထယ်ထိုး သရုပ်ပြခြင်း၊ သဘာဝ ဖြစ်ပေါ်နေသော အလှကျောက်များ၊ ဝါးဖြင့်ပြု လုပ်သော တည်းခိုဆောင် များဖြင့် သာယာလှပကာ ဒေသခံများက ညကျေးရွာ အလိုက် ဝင်ကြေး ကောက်ခံမည် ဖြစ်ပြီး စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ကြောင်း သိရသည်။
ယင်းကဲ့သို့ သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ဘူမိဗေဒ ပညာရှင်များ၊ ယူနက်စကို အဖွဲ့များ၊ သက်ဆိုင်ရာ တာဝန်ရှိသူ များဖြင့် ပုပ္ပားဒေသ ဝန်းကျင်တွင် စစ်တမ်း ကောက်ယူမူများ လုပ်ဆောင်နေပြီး ကျေးရွာ များတွင် အစည်းအဝေးများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
စစ်တမ်း ကောက်ခြင်းများ ပြုလုပ်ပြီးပါက သက်ဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြသွားမည်ဖြစ်ပြီး သဘာဝ သစ်တောများ၊ ရေထွက်များ မပျက်စီးစေရန်နှင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေး တိုးတက်စေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ ပုပ္ပားတောင်ချစ်သူများ အသင်းသည် သဘာဝပတ်ဝန်းကျင် နှင့် ဒေသခံလူမှုစီးပွား မြှင့်တင်ခြင်းများကို အဓိက လုပ်ဆောင်ပြီး တောင်သူ အသိပညာ မြှင့်တင်ခြင်းများနှင့် ပုပ္ပားတောင်တက်ပွဲ များတွင် ဦးစီးဦးဆောင် ဆောင်ရွက်ကြောင်း သိရသည်။ (Xinhua)