Latin America
ဘိုလီးဗီးယား နိုင်ငံ တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ ၁၄ ဦးသေဆုံး
လီမာ ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
ဘိုလီးဗီးယား နိုင်ငံ ပို့ဆောင်ရေး ဌာန က Cochabamba ခရိုင် နှင့် Tarija ခရိုင် ကို ဆက်သွယ် ထားသည့် အဝေးပြေးလမ်းမ ပေါ်တွင် ဇန်နဝါရီ ၁၇ ရက်တွင် ယာဉ် မတော်တဆမှု ဖြစ်ပွား ခဲ့ပြီး ၁၄ ဦးသေဆုံးကာ ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ဘိုလီးဗီးယား နိုင်ငံ ပို့ဆောင်ရေး ဌာန ဌာနမှူး မှ သတင်းစာ ရှင်းလင်းပွဲ ၌ပြောကြားရာတွင် ဒေသတွင်း စံတော်ချိန် ဇန်နဝါရီ ၁၇ ရက်နေ့ ၁၈ နာရီ အချိန်ခန့်တွင် ခရီးသည် ၄၆ ဦးလိုက်ပါသွားသည့် ခရီးသည် တင်ယာဉ်သည် ရုတ်တရက် တိမ်းမှောက်ခဲ့ပြီး လမ်းဘေးရှိ သတ္တုအကာအရံ များကို ဝင်တိုက်ခဲ့ကြောင်း ၊ ထို သတ္တုအကာအရံ များသည် ဆူးချွန်ကဲ့သို့ဖြစ်နေသဖြင့် ခရီးသည်များကို အသက်ဆုံးရှုံးစေခဲ့ကြောင်း ပြောကြား ခဲ့သည်။
ကနဦး စစ်ဆေးချက်များအရ ယခုဖြစ်ပွား ခဲ့သည့် ယာဉ်မတော်တဆမှု သည် ယာဉ်မောင်း၏ ဆိုးရွားစွာ မောင်းနှင်မှုကြောင့် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဘိုလီးဗီးယား နိုင်ငံ သည် လက်တင်အမေရိကနိုင်ငံများအနက် ယာဉ်မတော်တဆ မကြာခဏ ဖြစ်ပွားသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ယာဉ်မတော်တဆ ဖြစ်ပွား ရသည့် အဓိက အကြောင်းအရင်းများ အနေဖြင့် တောတောင်လမ်းခရီး မတ်စောက်ခြင်း ၊ ယာဉ်မောင်းသူ၏ ပေါ့ဆခြင်း နှင့် သတ်မှတ် အရှိန်ထက် ကျော်လွန်မောင်းနှင်ခြင်း တို့ကြောင့် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)